5-MIN MOTOR FLUSH

ချေးအဆီအနှစ်များ အားလုံးကို သန့်စင်ပေး၍ ကာဗွန်ချိုးများနှင့် အခြားသော အနည်အနှစ်များကို အင်ဂျင်မှ ထိရောက်စွာ ဖယ်ရှားပေးနိုင်သည်။ ချောဆီဖြင့် ကောင်းမွန်စွာ လည်ပတ်နိုင်စေရန် အာမခံချက်ပေးပြီး ပွတ်တိုက်အား ဆိုင်ရာ ခုခံအားများကို လျော့နည်းစေပါသည်။ အင်ဂျင်၏ စွမ်းအားကို ပြန်လည်ထိန်းသိမ်းပေးပြီး ပိုမိုကောင်းမွန်လာစေပါသည်။ ကောင်းမွန်စွာ ပြန်လည်ပြုပြင်ထားသော ပျော်ဝင်မှုကို အားပေးသော အရည်အဖြစ် အသုံးပြုထားပါသည်။ သဘာဝအတိုင်း အထူးပြုလုပ်ထား၍ ကြေးချွတ်နိုင်သော အရည်များကို ချက်ခြင်း ပြန့်နှံ့နိုင်စေပါသည်။ အင်ဂျင်အတွင်းရှိ ရော်ဘာ ဂတ်စကတ်များအားလုံး၏ ချုံ့ချဲ့နိုင်သော ဂုဏ်သတ္တိကိုလည်း ပြန်လည် ထိန်းသိမ်းပေးနိုင်ကာ လေလုံအောင်ပြုလုပ်နိုင်သော လုပ်ဆောင်ချက်ကို တိုးမြှင့်ပေးပါသည်။ ဆီစားနှုန်းလျှော့ချပေး၍ အင်ဂျင်ပျက်စီးမှုကိုလည်း လျော့ပါးစေသည်။ ဆီနှင့် အင်ဂျင်၏ သက်တမ်းကိုလည်း ပိုမို ကြာရှည်စွာ အသုံးပြုနိုင်စေရန် လုပ်ဆောင်ပေးပါသည်။
 
သုံးစွဲရန် လမ်းညွှန်
၁။ မော်တော်ယာဉ်အား စက်နှိုး၍ အင်ဂျင်အား သာမန် အပူချိန်အထိ ရောက်ရှိ စေရန် အတွက် စောင့်ဆိုင်းပေးပါ။
၂။ အင်ဂျင်အား စက်သတ်၍ ဤ ပစ္စည်းအား ကရိုင်းရှပ် ထည့်ထားသည့် အုံအတွင်းသို့ ထည့်ပေးပါ။
၃။ အင်ဂျင်အား ပုံမှန်စက်အနေအထားဖြင့် ၅-၁၀ မိနစ်ခန့် နှိုးထားပေးကာ ကျန်ရှိသည့် အင်ဂျင်ချောဆီများကို ဖောက်ထုတ်ပေးပါ။
၎။ အင်ဂျင်ဝိုင် စစ်ထုတ်သည့် ကိရိယာကို အသစ်လဲလှယ်၍ အင်ဂျင်ဝိုင် အသစ်ကိုထည့်ပေးပါ။