FLAMINGO

TIRE SEALANT & INFLATOR

F015, SPE : 450ML X 24PCS

Emergency tire sealant & inflator သည် အရေးပေါ်တာယာပေါက်ပြဲမှုများကို အမြန်ဆုံးနှင့်အထိရောက်ဆုံး ဖာထေးပြုပြင်နိုင်ရန်ရည်ရွယ်ပြီး ထုတ်လုပ်ထားခြင်းဖြစ်သည်။ ကျွတ်ပလပ်တာယာများအတွင် 6 မီိလီမီတာ ထိထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် ရာနှုန်းပြည့်အာမခံဖြင့်ထုတ်လုပ် ထားခြင်းဖြစ်ပြီး မည်သည့်ကားတာရာ၊ မော်တော်ဆိုင်ကယ် နှင့် လျှပ်စစ်စက်ဘီး တာယာများအတွက်သင့်တော်ပြီး Tire Selant ကိုအသုံးပြုရုံဖြင့် ဘီးလဲစရာမလိုအပ်ပေ။ Tire Sealant ကိုအသုံးပြုခြင်းဖြင့် တာယာပျက်စီးခြင်း ၊ ဆုံးရှုံးခြင်းများဖြစ်ပေါ်နိုင်ခြင်းမရှိသောကြောင့် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ပါသည်။

SUPER OIL TREATMENT

F049, SPE : 443ML X 24PCS

နောက်ဆုံးပေါ်နည်းပညာဖြင့် ထုတ်လုပ်ထားသော အင်ဂျင် အဖြည့်ပစ္စည်းဖြစ်ပါသည်။ အလွန်ကောင်းမွန်သည့် အဖြည့်ပစ္စည်းများပါဝင်ကာ ပုံမှန်ထိန်းပေးနိုင်သည့် ချောဆီများနှင့် သံချေးမတက်သည့် ပစ္စည်းများ စသဖြင့် ပါဝင်ပါသည်။ ချောဆီ၏ စေးပျစ်ခြင်းဆိုင်ရာ ဂုဏ်သတ္တိကို မြှင့်တင်ပေး၍ သတ္တုအချင်းချင်း တိုက်ရိုက်ပွတ်တိုက်ခြင်းများအား ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါသည်။ စက်ပိုင်းဆိုင်ရာ ပျက်စီးခြင်းများကို လျှော့ချပေးပြီး အင်ဂျင်၏ အကောင်းဆုံးကာကွယ်ပေးခြင်းကို ရရှိစေပါသည်။ ချောဆီအား ပုံမှန်အနေအထားအတိုင်း ဖြစ်နေစေ၍ သက်တမ်းကျော်လွန်ခြင်းကို ထိန်းပေးနိုင်ခြင်း၊ အားလျော့ပါးစေမှု မရှိခြင်း၊ အက်ဆစ်ပါဝင်မှုကို လျော့ချပေးနိုင်ခြင်း နှင့် သံချေးမတတ်စေခြင်း၊ ဘယ်ရင်များ၊ ဗားများ၊ ပစ္စတင် ကွင်းများ၊ ဆလင်ဒါ နံရံများ ကို ကောင်းမွန်စွာ ချောဆီထည့်ထားသလို ဖြစ်နေစေပါသည်။ အရောင် အထူးစိုစေသော ပါဝင်ပစ္စည်းကြောင့် အနှစ်များ စုဝေးခြင်း ကို ကာကွယ်ပေးနိုင်ကာ အင်ဂျင်ကို သန့်စင်စေ၍ ချောမွေ့စွာလည်ပတ် စေနိုင်ပါသည်။ စက်ပိုင်းဆိုင်ရာ ခုခံအားကို လျှော့ချပေးကာ ဆီစားခြင်းကို သက်သာစေပါသည်။ အသုံးပြုနေသည့် ကားအတွက် စရိတ်စကများကို သက်သာစေနိုင်ပါသည်။

သုံးစွဲရန် လမ်းညွှန်
၁။ အင်ဂျင်ဝိုင်အား လဲလှယ်ပေး၍ အင်ဂျင်အား စက်နှိုးထားပါ။ အင်ဂျင်၏ ပုံမှန် အပူချိန်သို့ ရောက်ရှိနေပါစေ။
၂။ အင်ဂျင်အား စက်ပိတ်လိုက်၍ အင်ဂျင်ဝိုင် အသစ်ထည့်သည့် အပေါက်မှ ဤ ကုန်ပစ္စည်းကို ထည့်သွင်းပေါင်းစပ်ပေးပါ။ အင်ဂျင် အား ၁၅ မိနစ်ခန့် စက်နှိုးထားပေးပါ။
၃။ ဆလင်ဒါ ၄-၆ လုံးထိုးများအတွက် တစ်ဘူးအသုံးပြုနိုင်၍ ဆလင်ဒါ ၈ လုံးအထက်အင်ဂျင်များအတွက်မူ နှစ်ဘူးနှင့် အထက် ထည့်ပေးနိုင်ပါသည်။

5-MIN MOTOR FLUSH

F048, SPE : 443ML X 24PCS

ချေးအဆီအနှစ်များ အားလုံးကို သန့်စင်ပေး၍ ကာဗွန်ချိုးများနှင့် အခြားသော အနည်အနှစ်များကို အင်ဂျင်မှ ထိရောက်စွာ ဖယ်ရှားပေးနိုင်သည်။ ချောဆီဖြင့် ကောင်းမွန်စွာ လည်ပတ်နိုင်စေရန် အာမခံချက်ပေးပြီး ပွတ်တိုက်အား ဆိုင်ရာ ခုခံအားများကို လျော့နည်းစေပါသည်။ အင်ဂျင်၏ စွမ်းအားကို ပြန်လည်ထိန်းသိမ်းပေးပြီး ပိုမိုကောင်းမွန်လာစေပါသည်။ ကောင်းမွန်စွာ ပြန်လည်ပြုပြင်ထားသော ပျော်ဝင်မှုကို အားပေးသော အရည်အဖြစ် အသုံးပြုထားပါသည်။ သဘာဝအတိုင်း အထူးပြုလုပ်ထား၍ ကြေးချွတ်နိုင်သော အရည်များကို ချက်ခြင်း ပြန့်နှံ့နိုင်စေပါသည်။ အင်ဂျင်အတွင်းရှိ ရော်ဘာ ဂတ်စကတ်များအားလုံး၏ ချုံ့ချဲ့နိုင်သော ဂုဏ်သတ္တိကိုလည်း ပြန်လည် ထိန်းသိမ်းပေးနိုင်ကာ လေလုံအောင်ပြုလုပ်နိုင်သော လုပ်ဆောင်ချက်ကို တိုးမြှင့်ပေးပါသည်။ ဆီစားနှုန်းလျှော့ချပေး၍ အင်ဂျင်ပျက်စီးမှုကိုလည်း လျော့ပါးစေသည်။ ဆီနှင့် အင်ဂျင်၏ သက်တမ်းကိုလည်း ပိုမို ကြာရှည်စွာ အသုံးပြုနိုင်စေရန် လုပ်ဆောင်ပေးပါသည်။
 
သုံးစွဲရန် လမ်းညွှန်
၁။ မော်တော်ယာဉ်အား စက်နှိုး၍ အင်ဂျင်အား သာမန် အပူချိန်အထိ ရောက်ရှိ စေရန် အတွက် စောင့်ဆိုင်းပေးပါ။
၂။ အင်ဂျင်အား စက်သတ်၍ ဤ ပစ္စည်းအား ကရိုင်းရှပ် ထည့်ထားသည့် အုံအတွင်းသို့ ထည့်ပေးပါ။
၃။ အင်ဂျင်အား ပုံမှန်စက်အနေအထားဖြင့် ၅-၁၀ မိနစ်ခန့် နှိုးထားပေးကာ ကျန်ရှိသည့် အင်ဂျင်ချောဆီများကို ဖောက်ထုတ်ပေးပါ။
၎။ အင်ဂျင်ဝိုင် စစ်ထုတ်သည့် ကိရိယာကို အသစ်လဲလှယ်၍ အင်ဂျင်ဝိုင် အသစ်ကိုထည့်ပေးပါ။

FUEL INJECTOR CLEANER

F045 ,F053, SPE : 250ML , 354ML

စွမ်းဆောင်ရည်မြင့်သော အမြုပ်ရည် အသုံးပြုထား၍ ပွတ်တိုက်အားကို လျှော့ချပေးနိုင်သော ပစ္စည်းများအားလုံးပေါင်းစပ်၍ ဆေးရည်တစ်မျိုးထဲတွင် ထည့်သွင်းဖော်စပ်ထားခြင်းဖြစ်သည်။ လောင်စာဆီ စနစ်တစ်ခုလုံးအား နက်ရှိုင်းစွာ ဆေးကြောသန့်စင်ပေးနိုင်သဖြင့် လောင်စာဆီ ချွေတာနိုင်ခြင်း၊ အကောင်းဆုံး လုပ်ဆောင်ချက်ကို ပြန်လည် ပြုလုပ်ပေးစေနိုင်ခြင်း၊ ပွတ်တိုက်မှုအား လျှော့ချပေးခြင်း၊ အရက်ပြန် ပို့ချမှုများအား ကာကွယ်ပေးနိုင်ခြင်းနှင့် သံချေးတက်ခြင်းအား ကာကွယ်ဟန့်တားပေးနိုင်ခြင်းများကို လုပ်ဆောင်နိုင်ပါသည်။

သုံးစွဲရန် အညွှန်း
ပါဝင်သည့် အစိတ်အပိုင်းများအားလုံးအား ဆီလှောင်ကန်တွင် ဆီအပြည့် ဖြည့်ထားသည့် အချိန်တွင် ထည့်သွင်းပေးပါ။ တစ်ဘူးလျှင် (၃၅၄ မီလီလီတာ)ပါဝင်၍ လီတာ ၆၀-၈၀ အထိ သန့်စင်ပေးနိုင်ပါသည်။ အကောင်းဆုံးသော ရလာဒ်ကို ရရှိစေရန် ကီလိုမီတာ ၃၀၀၀ သွားတိုင်း တစ်ခါအသုံးပြုပေးပါ။ အခြားကြိုးကြာနီ အဖြည့် ပစ္စည်းများဖြင့်လည်း တွဲဖက် အသုံးပြုနိုင်ပါသည်။

LONGLIFE COOLANT-RED, GREEN

F033R, F033G, SPE : 2L X 6PCS

Flamingo Longlife coolant အင်ဂျင် အအေးပေးသည့် အဆီသည် အအေးခံသည့် စနစ် အတွင်းသို့ အအေးပေးသည့် အရည်အား ဖြည့်တင်းပေးခြင်းအားဖြင့် အပူစီးကူးသည့် လုပ်ငန်းကို ထိရောက်မှုရှိစွာ ထိန်းချုပ်ပေးနိုင်ပါသည်။ အင်ဂျင်အား အပူလွန်ကဲခြင်းမှ ကာကွယ်ပေးနိုင်သည်။ အခြားသော အေးခဲမှု မဖြစ်ပေါ်စေရန် လုပ်ဆောင်ပေးသည့် ပစ္စည်းများနှင့် အအေးပေးသည့် အရည်များအားလုံးနှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။ အင်ဂျင်ကို အအေးပေးသည့် ကိရိယာ သို့ ကားရေတိုင်ကီ အတွင်းရှိ အအေးပေးသည့် အရည်အား နှစ်စဉ်လဲလှယ်ပေးခြင်းအားဖြင့် ရေတိုင်ကီနှင့် အစိတ်အပိုင်းများအား အကောင်းဆုံး ကာကွယ်ပေးနိုင်ပါမည်။
သုံးစွဲရန် အညွှန်း
၁။ လက်ရှိ အသုံးပြုနေသော အအေးပေးသည့် အရည်ကို ဖောက်ထုတ်လိုက်၍ ရေတိုင်ကီအတွင်း သန့်ရှင်းရေး ပြုလုပ်ပေးပါ။
၂။ ဤ အအေးပေးသည့် အရည်အား ပမာဏ တစ်ခုသတ်မှတ်၍ လောင်းထည့်ပေးပါ။ ထို့နောက် ရေအား ရေမျက်နှာပြင်မြင် ရသည်အထိ လောင်း ထည့်ပေးပါ။ ထို့နောက် အင်ဂျင် အား ငါးမိနစ်ခန့် စက်နှိုးပေးထားပါ။ အကယ်၍ အရည်မျက်နှာပြင် ကျဆင်းသွားပါက ရေထပ်ထည့်ပေး၍ ရေပိုဆင်းသည့် ပိုက် အောက် ၃ စင်တီမီတာ (၁.၃ လက်မ) လောက်အထိ ရေမျက်နှာပြင် အားထားရှိပေးထားပါ။ ရေမျက်နှာပြင် ပြောင်းလဲနေခြင်းအား သေသေချာချာ လေ့လာစောင့်ကြည့်ရန်လိုသည်မှာ အအေးခံသည့် အရည်သည် အပူချိန် မြင့်တက်လာသည်နှင့်အမျှ ဖောင်းပွလာတတ်ခြင်းကြောင့်ဖြစ်ပါသည်။

CONTACT CLEANER

F058, SPE : 450ML ­X 24PCS

ဤထုတ်ကုန်မှာ အလျင်အမြန်ခြောက်သွေ့လွယ်၍ ဘက်စုံသုံး စက်မှုလုပ်ငန်းနှင့် ပြုပြင်ထိန်းသိမ်းရေး များအတွက် အသုံးဝင်သည့် သန့်ရှင်းရေးပစ္စည်းဖြစ်သည်။ စက်မှုလုပ်ငန်းဆိုင်ရာ အစေးများ၊ ဆီချေးများ၊ ချောဆီအရည်များ၊ ဆီလီကွန်၊ ကတ္တရာ၊ ကော်များ နှင့် အခြားသော အညစ်အကြေးများကို ထိထိရောက်ရောက် ပျော်ဝင်သွား၍ သန့်စင်ပေးနိုင်သည်။ ဆီချေးများကို ချက်ချင်း ပယ်ရှားပေးသည့် သန့်စင်ခြင်း လုပ်ဆောင်ချက်ပါဝင်ကာ၊ ဖုန်များနှင့် သံချေးများကို ပြန်ချွတ်ပေး၍ တိကျမှုကို ထိန်းသိမ်းပေးနိုင်ပြီး ကိရိယာများနှင့် အစိတ်အပိုင်းများအတွက် ထိထိရောက်ရောက် အသုံးပြုနိုင်သော သန့်ရှင်းရေး ပစ္စည်းဖြစ်သည်။
သုံးစွဲရန် အညွှန်း
၁။ အသုံးမပြုမီတွင် ကောင်းမွန်စွာ လှုပ်ထားပေးပါ။
၂။ ပက်ဖြန်းသည့် အချိန်တွင် ဘူးအား ထောင်၍ ထားပြီး မြေပြင်ညီမှ ၄၅ ဒီဂရီထက် အစောင်းသော အနေအထားတွင် ထားရှိပက်ဖြန်းပါ။
၃။ လိုအပ်ပါက နော်ဇယ်ခေါင်းထိပ်တွင် ဆက်၍ သုံးရသည့် ပြွန်အား တပ်ဆင်၍ ပက်ဖြန်းပါ။

FOAM TYPE ENGINE DEGREASER

F008, SPE : 650ML ­X 12PCS

ဆီအစွန်းအထင်းများ၊ အညစ်အကြေးနှင့် အင်ဂျင်မျက်နှာပြင်မှ ဖုန်မှုန့်များကို ဆေးကြောသန့်စင်ပေးနိုင်၍ တောက်ပ၍ အသစ်အတိုင်းဖြစ်သော အင်ဂျင်ကို ပြန်လည် ရရှိအောင် လုပ်ဆောင်နိုင်မည်ဖြစ်ကာ ရော်ဘာနှင့် ပလတ်စတစ် အစိတ်အပိုင်းများ သို့မဟုတ် ဆေးမှုတ်ထားသော မျက်နှာပြင်များ အား ထိခိုက်ပျက်စီးခြင်းမရှိစေဘဲ အပူကို ပြန်လည် ထုတ်လွှတ်ပေးနိုင်ပါသည်။ ဆီအစွန်းအထင်းများကို ဆေးကြောသန့်စင်စေနိုင်ပြီး စက်မှုလုပ်ငန်းသုံးစက်များ၏ မျက်နှာပြင်ပေါ်ရှိ အညစ်အကြေးများနှင့် အခြားသော အစိတ်အပိုင်းများ ၏ မျက်နှာပြင်ပေါ်ရှိ အညစ်အကြေးများကိုလည်း ဖယ်ရှားရှင်းလင်းရန် အသုံးပြုနိုင်ပါသည်။
သုံးစွဲရန် အညွှန်း
၁။ အင်ဂျင်စက်အား နှိုးထားပါ။ ငါးမိနစ်ခန့် စက်နှိုးပြီးနောက် စက်ပိတ်ထားပေးပါ။
၂။ လေစစ်အား ဖြုတ်၍ ကာဗရေတာနှင့် အင်ဂျင်တွင် ပလတ်သို့ လျှပ်စစ်လွှတ်သော ကိရိယာ (ဒစ်ထရီဗျူတာ) တို့အား တစ်ခုခုဖြင့် ပိတ်ဆို့ထားပေးပါ။
၃။ ဆေးအား အင်ဂျင်မျက်နှာပြင်သို့ ပက်ဖြန်းခြင်း မပြုလုပ်မီ ကောင်းစွာ လှုပ်ထားရန် လိုအပ်ပါသည်။
၎။ ထို့နောက် ရေအသန့်ဖြင့် ငါးမိနစ်ခန့်ကြာပြီးနောက် ဆေးကြောသန့်စင်ပါ။

RUBBERIZED UNDERCOAT

F021, SPE : 500ML X 24PCS

ဤ ထုတ်ကုန်အား သံချေးဒဏ်ကာကွယ်ရန် နှင့် သံချေးစားခြင်း မရှိစေရန် လုပ်ဆောင်ချက်အတွက် အထူးအသုံးပြုရခြင်းဖြစ်ပါသည်။ ရော်ဘာ အား အလုံးစုံ ကာကွယ်ပေးနိုင်ရန် အတွက် အထူး အကာအကွယ် အမြှေးပါး တစ်ထပ်ကို လျင်မြန်ထိရောက်စွာ ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ပြင် မော်တော်ယာဉ်၏ အောက်ခြေတွင်ရှိသော သတ္တုများအားလည်း ရေငွေ့တိုက်စားခြင်း ၊ ခဲများလွင့်စင်လာခြင်းကြောင့် ပျက်စီးခြင်း နှင့် ဆူညံသံများ ထွက်ပေါ်ခြင်းတို့မှ ကောင်းမွန်စွာဖြင့် လျှော့ချပေးနိုင်ပါသည်။ မော်တော်ယာဉ်၏ အောက်ပိုင်းများ၊ နောက်ခန်း၊ သဲကာပြားများ နှင့် ဘီး၏ အဝိုင်းပေါက်များ အစရှိသည့် နေရာများနှင့် အထူးသင့်တော်သော ကုန်ပစ္စည်းဖြစ်ပါသည်။ မော်တော်ယာဉ်ထုတ်လုပ်သည့် စက်ရုံများအားလုံး၏ ကျွမ်းကျင်ပညာရှင်များ၏ လိုအပ်သည့် အရည်အသွေးများကို ပြည့်မီနိုင်သော ကုန်ပစ္စည်းလည်းဖြစ်ပါသည်။

သုံးစွဲရန် အညွှန်း
၁။ ဆေးပက်ဖြန်းမည့် မျက်နှာပြင်အား ခြောက်သွေ့၍ သန့်ရှင်းနေစေရန် လုပ်ဆောင်ပါ။ ဆေးပက်ဖြန်းမည့် မျက်နှာပြင်သည် ခြောက်သွေ့နေပြီး သန့်ရှင်းနေ၍ ဖုန်မှုန့်၊ ဆီ နှင့် ဆီချေးများ မကပ်ငြိနေစေရန် သေချာအောင်စစ်ဆေးပါ။ ဆေးမပက်ဖြန်းမည့် နေရာများကို အကာအကွယ် ပြုလုပ်ထားရှိရပါမည်။
၂။ အသုံးပြုနေစဉ်နှင့် အသုံးမပြုမီတွင် ကုန်ပစ္စည်းအား သေသေချာချာ လှုပ်ထားပေးပါ။
၃။ စမ်းသပ်ပက်ဖြန်းကြည့်ရန် အတွက် ပေါ်လွင်ခြင်းမရှိသော အစိတ်အပိုင်း သို့မဟုတ် လွှင့်ပစ်မည့် ပစ္စည်းတစ်ခုခုတွင် အစမ်း ပက်ဖြန်းကြည့်ပေးပါ။
၎။ မျက်နှာပြင်မှ အကွာအဝေး ၂၀-၄၀ စင်တီမီတာတွင် ထားရှိ၍ ကုန်ပစ္စည်းအား သေသေချာချာ ထက်အောက် ပက်ဖြန်းပေးရပါမည်။ မှားယွင်းစွာ ပက်ဖြန်းမိသည့် အစိတ်အပိုင်းများအတွက် ရေနံဆီ (ကီရိုဆင်း) သို့မဟုတ် အငွေ့ပြန်လွယ်သော အရည် တစ်ခုခု ဆွတ်ထားသည့် ပိတ်စနှင့် ချက်ချင်း ပြန်လည် သန့်ရှင်းရေးလုပ်ပေးရမည်။
၅။ ကုန်ပစ္စည်းအား အသုံးပြုပြီး၍ ကျန်သည့် ဆေးများကို ပက်ဖြန်းခြင်း မပြုလုပ်နိုင်သည့် အချိန်တွင် နော်ဇယ်ခေါင်းအား ကြိုးစားဖိပေး၍ ဘူးကို လှည့်ပေးပါ။ ထိုအခါတွင် အရာဝတ္တုပစ္စည်းများကို ထပ်မံ ပက်ဖြန်းနိုင်ပါလိမ့်မည်။
၆။ အသုံးပြုပြီးသည့်အခါတွင် နော်ဇယ်ခေါင်းကို သန့်ရှင်းရေးလုပ်ပေးပါ။ သန့်စင်သည့် ဓာတ်ငွေ့ပက်ဖြန်းနိုင်သည်အထိ ဘူးအား ကုန်အောင် ပြုလုပ်ပေးပါ။
၇။ အသုံးပြုသည့် အပူချိန် အနိမ့်အမြင့်ကို လိုက်၍ ၄-၆ နာရီအကြားဆေးအား အခြောက်ခံထား နိုင်ပါသည်။

AIR CONDITIONER CLEANER

F020, SPE : 500ML X 24PCS

သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းမည့် ဖော်စပ်နည်းဖြင့် ထုတ်လုပ်ထားရှိကာ သဘာဝ ပစ္စည်းများဖြင့်သာ စီမံဖော်စပ်ထားပါသည်။ မော်တော်ယာဉ်၏ လေအေးပေးစက် စနစ်အား ဖယ်ရှားခြင်း ပြုလုပ်ရန်မလိုပဲ ကုန်ပစ္စည်းအား တိုက်ရိုက် အသုံးပြုလို့ရပါသည်။ လူ့ခန္ဓာကိုယ်အတွက် အန္တရာယ်မရှိသော ကုန်စည်ဖြင့်သာ ထုတ်လုပ်ထား၍ ဘက်တီးရီးယားများ နှင့် အနံ့ဆိုးများကိုလည်း အလျင်အမြန်နှင့် ထိထိရောက်ရောက် ပယ်ရှားပေးနိုင်ပါသည်။ လေအေးပေးစက်၏ အတွင်းပိုင်းထဲအထိ စွမ်းအားပြည့် အမြှုပ်များက စိမ့်ဝင်နိုင်ပါသည်။ ထို့ကြောင့် လေအေးပေးစက်အတွင်းရှိ အမှိုက်များ၊ ဆီချေးများ၊ ကြမ်းပိုး၊ သစ်ရွက်ခြောက်နှင့် အခြားသော အထွေထွေပစ္စည်းများကို ဖယ်ရှားရှင်းလင်းပစ်နိုင်ပါသည်။ တစ်ချိန်တည်းတွင် ပိုးမွှားများကို သေစေနိုင်၍ အနံ့ဆိုးများကိုလည်း ဖယ်ရှားနိုင်ကာ ပိုးမွှားများ ကြာရှည်စွာ ပေါက်ဖွားနေခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ သန့်ရှင်းအေးမြနေစေမှုကို ပြန်လည် ရရှိနိုင်သော စွမ်းအင်သတ္တိရှိ၍ လေအေးပေးစက်ကြောင့် အပူချိန်ထွက်လာခြင်းမှလည်း သက်သာမှုရစေပါသည်။ စွမ်းအင်ကို ချွေတာပေး၍ လေအေးပေးစက်၏ သက်တမ်းကိုလည်း တိုးမြင့်စေနိုင်ပါသည်။
သုံးစွဲရန် အညွှန်း
၁။ ပြင်ပလေဝင်ပေါက်အား ရှာဖွေပါ။ လေအေးပေးစက်အား အမြင့်ဆုံးအဆင့်ထား၍ ဖွင့်ပါ။ ထို့နောက် အပြင်လေဝင်ရောက်မှု သို့ ရောက်အောင် ချိန်ညှိထားပေးပါ။
၂။ သန့်ရှင်းရေးပစ္စည်းအား လှုပ်ထားပေးပါ။ ထို့နောက် ပြင်ပလေဝင်ပေါက် အတွင်းသို့ ပက်ဖြန်းပေးပါ။
၃။ လေအေးပေးစက်အား ၃-၅ မိနစ်အထိ ပိတ်ထားပေးပါ။
၎။ လေအေးပေးစက်အား ဖွင့်ထားပါ။ အညစ်အကြေးများသည် ပြင်ပလေထွက်ပေါက်မှ အလိုလျောက် စွန့်ထုတ်လိုက်ပါလိမ့်မည်။

BRAKE CLEANER

F016, SPE : 450ML X 24PCS

ဘရိတ် သန့်စင်ပစ္စည်းသည် အတွင်းပိုင်းထိထိုးဖောက်ဝင်ရောက်ကာ ပျော်ဝင်နိုင်စေ၍ ဘရိတ် စနစ်အတွင်းရှိ စွဲနေသော အညစ်အကြေးများနှင့် ဘရိတ် သတ္တုဒေါက်များရှိ ဆီချေးများ နှင့်အခြားသော အညစ်အကြေးများ အစရှိသဖြင့် ရှင်းလင်းဖယ်ရှားပေးနိုင်ပါသည်။ အကောင်းမွန်ဆုံးသော ဘရိတ် စနစ် တစ်ခုကို ရရှိစေ၍ ဘရိတ်၏ အလုပ်လုပ်နိုင်စွမ်းကိုလည်း ထိန်းသိမ်းပေးထားနိုင်ပါသည်။ ဘရိတ်မှ စူးရှသည့် အသံထွက်ပေါ်နေခြင်းအားလည်း ဖယ်ရှားပေးနိုင်သည်။ လမ်းမပေါ်တွင် သင့်၏ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် သေသေချာချာ ထုတ်လုပ်ထားရှိသည့် ထုတ်ကုန်ပစ္စည်းဖြစ်ပါသည်။
သုံးစွဲရန် အညွှန်း
၁။ ကောင်းမွန်စွာ လှုပ်ထား၍ လေဝင်လေထွက်ကောင်းသည့် နေရာတွင် ဤ ကုန်ပစ္စည်းအား အသုံးပြုပါ။
၂။ သန့်ရှင်းရေးပြုလုပ်နေသည့် အစိတ်အပိုင်းများ၏ အောက်တွင် ဇလုံတစ်ခုခံထားပေးပါ။
၃။ ဆီဖြန်းသည့် ပိုက်အား နော်ဇယ်ခေါင်းအတွင်းသို့ ထည့်လိုက်ပါ။ ဘရိတ်အပြားများကို ဖြန်းပက်၍ အခြားသော ဘရိတ် အစိတ်အပိုင်းများကိုလည်း အကွာအဝေး ၃၀-၄၀ စင်တီမှနေ၍ ပက်ဖြန်းပေးပါ။
၎။ အထူးချောဆီအတွက်မူ ထပ်ကာ ထပ်ကာ ဖြန်းပက်ပေးပါ။ ချောဆီအား အဝတ် သို့မဟုတ် ဘရက်ရှ်ဖြင့် သုတ်ပေးပါ။
၅။ သန့်ရှင်းရေးပြုလုပ်ပြီးသည့်နောက်တွင်မူ လေဖိအားဖြင့် မှုတ်၍ အခြောက်ခံပေးပါ။ လုံးဝခြောက်သွေ့ပြီးသည့်နောက်တွင်မှ ပြန်လည်တပ်ဆင်ပါ။ အလုံးစုံ ခြောက်သွေ့ခြင်းမရှိသေးပါက ဘရိတ်၏ လုပ်ဆောင်ချက်အတွက် ယာယီအားဖြင့် အရည်အသွေးနိမ့်ကျမှု ဖြစ်ပေါ်စေနိုင်ပါသည်။
၆။ နောက်ဆုံးတွင် ၂-၃ ကြိမ်ခန့် ဘရိတ်စမ်းသပ်ခြင်း ပြုလုပ်ပေးပါ။