FLAMINGO

INJECTOR & CHOKE CLEANER

F006, SPE : 450ML

အဆင့်နိမ့်သော လောင်စာ(စက်ဆီ၊ချောဆီ အဟောင်း) များနှင့်/သို့မဟုတ် ညစ်ညမ်းနေသော လေထုမှတဆင့် အစေးများ၊ ဆီချေးများနှင့် ကာဘွန်ဂျိုးများ ကို ကာဗရက်တာ အတွင်း ဖြစ်ပေါ်စေနိုင်ပြီး စက်နှိုးသည့်အခါတွင် စက်သံကြမ်းတမ်းစေခြင်း၊ စက်သေသွားခြင်းနှင့် ဆီပိုမိုစားခြင်းတို့ကို ဖြစ်စေနိုင်ပါသည်။ Flamingo ဆီဖြန်းခေါင်းနှင့် ချုပ် သန့်ရှင်းစေသည့် ပစ္စည်းအား အထူးကောင်းမွန်သည့် ဖော်စပ်နည်းဖြင့် ထုတ်လုပ်ထားရှိကာ အစေးများ၊ ဆီချေးများနှင့် ကာဘွန်ချိုးများကို ကာဗရက်တာအတွင်းသို့ ဖြန်းပက်ပေးလိုက်သည်နှင့် ထိရောက်စွာဖြင့် ဖယ်ရှားပေးနိုင်ပါသည်။ Flamingo ဆီဖြန်းခေါင်းနှင့် ချုပ် သန့်ရှင်းစေသည့် ပစ္စည်းသည် ကာဗရက်တာများ၊ အဆက်များ၊ အလိုလျောက် ချုပ်များ၊ ပီစီဗီ ဗားများ၊ အပူမြှင့်တင်သည့် ကိရိယာများ၊ မီးစထွက်စေသည့် ပလက်ခေါင်းများ နှင့် စနစ်တစ်ခုလုံးကို ချောဆီထည့်ရင်းက သန့်ရှင်းရေးလုပ်ဆောင်ပေးနိုင်ပါသည်။ လှုပ်ရှားနေသော အစိတ်အပိုင်းများရှိ စိုထိုင်းဆများကိုလည်း ဖယ်ရှားပေးနိုင်ပါသည်။ Flamingo ဆီဖြန်းခေါင်းနှင့် ချုပ် သန့်ရှင်းဆေးကို အသုံးပြုခြင်းဖြင့် ကောင်းမွန် ထိရောက်စွာ အလုပ်လုပ်နိုင်ခြင်းကို ပြန်လည်ရရှိစေနိုင်ပါသည်။ အင်ဂျင်၏ စွမ်းအင်ကို မြှင့်တင်ပေး၍ ဆီစားနှုန်းသက်သာစွာ ဖြင့် မိုင်နှုန်း အများအပြား ရရှိစေရန် ထိန်းသိမ်းနိုင်မည်ဖြစ်၍ ကောင်းမွန်ညက်ညောစွာ မောင်းနှင်နိုင်သည့် အင်ဂျင်အား ရရှိစေနိုင်မည်ဖြစ်ပါသည်။

အသုံးပြုရန် အညွှန်း
၁။ အင်ဂျင်အား ၅ မိနစ်မှ ၁၀ မိနစ်ခန့် နှိုးထားပေးပါ။
၂။ လေသန့်စင်ထုတ်ပစ္စည်းကို ဖယ်ရှားထားပေးပါ။ အင်ဂျင်လည်ပတ်အား (၅၀၀၀ မှ ၆၀၀၀ တစ်မိနစ်လည်ပတ်နှုန်း) ထားရှိပြီး စက်နှိုးထားသည့်အချိန်တွင် လေဟွန်း၊ ချုပ်ထဲသို့ အများအပြားပက်ဖြန်းပေး၍ လေပိုက်အတွင်းရှိ အတံနှင့် သတ္တုပြားများကိုလည်း ဖြန်းပက်ပေးပါ။
၃။ အစေးများ ကွယ်ပျောက်သွား၍ ကာဗွန်ချိုးများသည်လည်း အိပ်ဇောမီးခိုးများနှင့်အတူ လောင်ကျွမ်းပျောက်ကွယ်သွားမည်ဖြစ်ပါသည်။
၎။ အင်ဂျင်စက်အား သတ်၍ လေသန့်စင်သည့် ပစ္စည်းကို ပြန်တပ်ပါ။
၅။ ဆီပက်ဖြန်းသည့် စနစ်အတွက်မူ ကြိုးကြာနီ ဆီပက်ဖြန်းသည့် ခေါင်းနှင့် လေထိန်းသည့်ချုပ်အား သန့်ရှင်းစေသည့် ပစ္စည်းဘူး တစ်ဝက်အား ဆီလှောင်ကန် တစ်ဝက်ထဲသို့ တိုက်ရိုက်ပက်ဖြန်းပေးနိုင်ပါသည်။
၆။ အလွန်အဆင့်မြင့်မားသော ထိထိရောက်ရောက် သန့်ရှင်းစေနိုင်သည့် လုပ်ဆောင်ချက်ကြောင့် ကြိုးကြာနီ ဆီကပ်ဖြန်းသည့်ခေါင်းနှင့် လေထိန်းသည့်ချုပ်အား သန့်ရှင်းစေသည့် ဘူးတစ်ဘူးလျှင် သုံးခါမျှ အသုံးခံပါသည်။

STICKER REMOVER

F013, SPE : 450ML

အထူးတီထွင် ဖော်စပ်ထားသည့် နည်းပညာဖြင့် တင်သွင်းလာသော ကုန်ကြမ်းပစ္စည်းများပေါ်တွင် အခြေခံ၍ ထုလုပ်ထားသည့် ကော်ကဲ့သို့ စေးကပ်သည့်အရာများကို ဖယ်ရှားပေးသည့် အထူး ကုန်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ ဖယ်ရှားပေးရာတွင် အလွန်ကောင်းမွန် သန်စွမ်းသော လုပ်ဆောင်ချက်ကို လုပ်ပေးနိုင်၍ စေးကပ်နေသော အရာဝတ္တုများကို ဖယ်ရှားပေးနိုင်၍ ဥပမာ စတစ်ကာကပ်ထားသော မော်တော်ယာဉ်၏ ပြတင်းပေါက်များ၊ မော်တော်ယာဉ်၏ ကိုယ်ထည်များ၊ ဆေးမှုတ်ထားသော အလွှာပါးများနှင့် ကျောက်ပြားများ တွင် ကျန်ရှိခဲ့သော ကော်အစအနများ ကို မျက်နှာပြင်အစိတ်အပိုင်းအား ထိခိုက်မှု တစ်စုံတစ်ရာ မဖြစ်စေနိုင်ဘဲ ဖယ်ရှားရှင်းလင်းပစ်နိုင်ပါသည်။
သုံးစွဲရန် အညွှန်း
၁။ အသုံးမပြုမီတွင် ကောင်းမွန်စွာ လှုပ်ထားပေးပါ။
၂။ ကပ်နိုင်သော တံဆိပ်များကို ဖယ်ရှားလိုက်ပါ။ ၁၅ မှ ၂၅ စင်တီမီတာ အကွာမှနေ၍ ကပ်ရန်အသင့်ဖြစ်နေသည့် ကော်ပါသော စက္ကူမျက်နှာပြင်ပေါ်သို့ ညီညာစေရန် ပက်ဖြန်းပေးပါ။ အညစ်အကြေးများ မှ ဆေးရည်ကို သေသေချာချာ စုပ်ယူခဲ့ပြီးဖြစ်သော်လည်း အလုံးစုံ ခြောက်သွေ့မှု မရှိသေးသောအခါမျိုးတွင် အဝတ်စဖြင့် သေသေချာချာ သုတ်ပစ်လိုက်ပါ။

MULTI-PURPOSE DEGREASER

F089, SPE : 500ML

ဤထုတ်ကုန်မှာ သဘာဝအတိုင်း ဆီချေးများကို ချွတ်ပေးသော ဆေးဖြစ်သည်။ အထူးအားဖြင့် အသုံးတည့်သော နေရာများမှာ-
မီးဖိုချောင် – မီးဖိုများ၊ ဖိုခွင်များ၊ အလုပ်လုပ်နေသည့် မျက်နှာပြင်များ၊ ချိတ်များ၊ အကင်ပစ္စည်းများ၊ လှီးဖြတ်သည့် ဓားများ၊ အဖုံးပါအိုးစောက်များ အစရှိသဖြင့်။
အိမ်တွင်း – ပြတင်းကာများ၊ ညစ်ပတ်နေသည့် ကြမ်းပြင်၊ သဘာဝကျောက်တုံး နံရံများ နှင့် ပြတင်းပေါက် ဘောင်များ၊ ပန်းခြံသုံး ပလတ်စတစ် ပရိဘောဂများ အစရှိသဖြင့်။
အဝတ်လျှော်ခြင်း – အဝတ်များပေါ်ရှိ စွန်းထင်းနေသော ဆီများကို ဖျက်ပစ်ရန် ကြိုတင်အသုံးပြုနိုင်ပါသည်။ (အရောင်ဆိုးထား သော အဝတ်များအတွက်မူ အစွန်းကျွတ်လား မကျွတ်လားသိအောင် အဝတ်စများကို ရေတွင် ထည့်၍ ညှစ်ကြည့်နိုင်ပါသည်။)
ကား – အင်ဂျင်၏ မျက်နှာပြင်၊ သံပြားများ၊ ဆေးသုတ်ထားသည့် မျက်နှာပြင်များ၊ လေကာမှန်၊ တံခါးအစွန်းများ နှင့် ထိုင်ခုံများ အစရှိသဖြင့်။
အလုပ်/ဝါသနာများ – မော်တော်ဆိုင်ကယ်၊ လှေများ၊ မြက်ရိတ်စက် တို့၏ ပလတ်စတစ် အစိတ်အပိုင်းများ နှင့် စက်ပစ္စည်းဆိုင်ရာ အစိတ်အပိုင်းများကို ဆီချေး ချွတ်ခြင်း
သုံးစွဲရန် အညွှန်း
အသုံးပြုလိုသည့် မျက်နှာပြင်ပေါ်တွင် ဆီချေးချွတ်ဆေးအား ဖြန်းပက်ပေးပါ။ မိနစ်အနည်းငယ်မျှ ကြာအောင် စောင့်ဆိုင်း၍ စိုထိုင်းဆရှိသော ဖော့တုန်းဖြင့် ဖြစ်စေ သို့မဟုတ် ရေထဲသို့ နှစ်၍ ဖြစ်စေ ဆေးကြောနိုင်ပါသည်။
မီးဖိုများအတွက်မူ ဆေးမဖြန်းမီတွင် မီးဖို၏ အပူရှိန်အား ၅၀-၆၀ ဒီကရီ စင်တီဂရိတ်အထိထားပေးပါ။ အညှော်စုပ်စက် လေသန့်စင်သည့် ပစ္စည်းများအတွက်မူ ထိုလေစစ်ကိရိယာအား ချေးချွတ်ဆေးအရည်ထဲတွင် အရည်(၁၀ ရာခိုင်နှုန်း) နှင့် ရေနွေးဖြင့် ရောပြီး ဆေးကြောသန့်စင်ပေးပါ။

GLASS CLEANER

F086, SPE : 500ML

ရှေ့လေကာမှန်ရှိ ဖုန်မှုန့်များ၊ အစွန်းအထင်းများကို ချက်ချင်းဖယ်ရှားနိုင်၍ မှန်သားအား စွန်းထင်းခြင်းမှ အကာကွယ်ပေးနိုင်သည်။ အိမ်သုံးမှန်များ၊ ကြည့်မှန်များအတွက်လည်း အသုံးပြုနိုင်သည်။ မှန်သား၏ မျက်နှာပြင်ပေါ်သို့ ညီညာစွာ ပက်ဖြန်းပေးကာ ရေစွတ်ထားသော နူးညံ့သည့် အဝတ်စဖြင့် ပွတ်တိုက်ပေးနိုင်ပါသည်။ ထို့နောက် အဝတ်သန့်ဖြင့် အခြောက်တိုက်ပေးနိုင်ပါသည်။ မှန်အား တိုက်သည့်အခါတွင် အဝတ်စကို ခေါက်၍ တိုက်ပေးခြင်းအားဖြင့် မှန်ပေါ်တွင် အရာထင်ကျန်နေခြင်းအား ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။
သုံးစွဲရန် အညွှန်း
၁။ နေရောင်ခြည် တိုက်ရိုက်ထိတွေ့ခြင်းမှ ရှောင်ပါ။ အပူချိန် ၀ ဒီကရီ စင်တီဂရိတ် အောက် ထားရှိ၍ အသုံးပြုပါ။
၂။ အစားအသောက်များ ပေါ်သို့ မဖြန်းပက်ရ။
၃။ အေးမြသော နေရာတွင် သိမ်းဆည်းထားပါ။ အပူချိန်ရှိသော နေရာကို ရှောင်ပါ။
၎။ ကလေးများ ထိတွေ့ကိုင်တွယ်ခြင်း မရှိစေရန် ဂရုစိုက်ပါ။

FOAM STOP FIRE

F018R, SPE : 500ML X 24PCS

ကားနံရံပေါ်သို့မဟုတ် ကားအတွင်းတွင် တပ်ဆင်ထားနိုင်ပါသည်။ မည်သည့်အကြောင်းဖြင့် မီးလောင်သည်ဖြစ်စေ စိမ့်ဝင်အောင်ပက်ဖြန်းပေးနိုင်ပါသည်။ သို့မှသာ မီးအလွယ်တကူ ပျံ့နှံ့ခြင်းမှ တားဆီးကာကွယ်နိုင်ပေမည်။ အဆိပ်အတောက်မပါဝင်ပါ။ သဘာဝပတ်ဝန်းကျင် အား ထိခိုက်စေခြင်းလည်းမရှိပါ။ အိုဇုန်းလွှာ ထိခိုက်စေတတ်သော ဓာတ်သဘော များလည်း မပါဝင်ပါ။ အရည်ပါဝင်၍ အလွာပါးသဏ္ဍန်ပုံစံရှိသော ဆေးဖြင့် မီးသတ်ပေးနိုင်ပါသည်။ သတ္တုများ သို့မဟုတ် ဇီဝအခြေခံသော ဒြပ်ပေါင်းများတွင် လောင်သော မီးကို ငြှိမ်းသတ်နိုင်၍ ဆီကြောင့် လောင်သော မီး၊ မီးလောင်လွယ်သော ဓာတ်ငွေ့ရည်ကြောင့် လောင်ကျွမ်းသောမီး၏ ကနဦးအစပိုင်းလောင်ကျွမ်းမှု (လျှပ်စစ်ကြောင့်ဖြစ်သော ဝါယာရှော့ခ်မီးကို မငြှိမ်းသတ်နိုင်ပါ။) လွယ်ကူစွာ အသုံးပြုနိုင်၍ မီးသတ်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်ပြီး ရေရှည် သိမ်းဆည်းထားနိုင်ပါသည်။ ဂိုထောင်များ၊ အဖွဲ့အစည်းများ၊ ကျောင်းများ၊ ဈေးများ၊ ဟိုတယ်၊ မော်တော်ယာဉ်များ၊ ရေယာဉ်များ နှင့် အလားတူနေရာများတွင် အသုံးပြုနိုင်ပါသည်။
သုံးစွဲရန် လမ်းညွှန်
၁။ အဖုံးကို ဖယ်လိုက်ပါ။ မီးလောင်နေရာသို့ နော်ဇယ်ခေါင်းကို ချိန်လိုက်ပါ။ ခလုတ်ကို နှိပ်လိုက်ပါ။
၂။ မီးနှင့် အကွာအဝေး ၂၀-၃၀ စင်တီမီတာ မှထား၍ အသုံးပြုပါ။

PITCH CLEANER

F012, SPE : 450ML X 24PCS

Pitch Cleaner တွင် အစွမ်းထက်သော သန့်စင်နိုင်စွမ်း၊ အရည်ပျော်နိုင်စွမ်းနှင့် ကတ္တရာစေးများ၊ ရေနံချေးများ၊ ဆီချိုးများနှင့် သတ္တုများပေါ်ရှိ ချိုးများ၊ ဘီးနှင့် ကားဆေးပေါ်တွင် တင်ရှိနေသော အညစ်အကြေးများစွာကိုသန့်စင်ပယ်ရှားပေးနိုင်သည်။ မသန့်မပြန့် ညစ်နွမ်းစွာဖြင့် ရောဂါပိုးမွှားများ ကပ်ငြိနေခြင်းမှ အကောင်းဆုံး ဖယ်ရှာပေးနိုင်သည့်အပြင် သန့်စင်ခြင်း နှင့် ဆေး အလွှာအားထိခိုက်စေခြင်းမရှိပဲ တောက်ပြောင်နိုင်စေခြင်း နှင့် ဖန်သားမျက်နှာပြင်များကို သန့်စင်တောက်ပြောင် နိုင်စွမ်းလည်းရှိသည်။ အရာဝတ္တု၏ တောက်ပြောင်ခြင်းကို ပြန်လည်ပေးစွမ်းနိုင်၍ စွဲလမ်းမက်မောဖွယ် ရှိသော မူလအနေအထားအတိုင်း အသစ်တဖန် ပြန်ဖြစ်စေနိုင်ပါသည်။
သုံးစွဲရန် လမ်းညွှန်
အသုံးမပြုမီ ကောင်းစွာ လှုပ်ထားပေးပါ။
ကတ္တရာစေးများ ကပ်နေသော နေရာနှင့် သတ္တုပေါ်ရှိ အစွန်းအထင်း အညစ်အကြေးများ၊ ဘီးများနှင့် ကားဆေးပေါ်ရှိ အညစ်အကြေးရှိသော နေရာပေါ်သို့ တိုက်ရိုက် ဖြန်းပက်ပေးပါ။
ခဏစောင့်ပြီး အခြောက်ခံပြီးပါက နူးညံ့သော အဝတ်စဖြင့် အခြောက်တိုက်ပေးပါ။
အလွန်စွဲနေသော အညစ်အကြေးများအတွက်မူ အထက်ပါ လုပ်ငန်းစဉ်များအတိုင်း အကြိမ်ကြိမ်လုပ်ဆောင်နိုင်ပါသည်။

WINDSHIELD WASHER

F032, SPE : 500ML

ရှေ့လေကာမှန် ရေယက်အတွက် အလွန်သိပ်သည်းဆများပြားစွာဖြင့် ထုတ်လုပ်ထားသော Flamingo ဆေးရည်သည် စွန်းထင်းနေသော အညစ်အကြေးများ၊ ဆီကွက်များ နှင့် မိုးရေကွက်များ အား လေကာမှန်ရှိ ရေယက်မှတဆင့် လွယ်ကူလျင်မြန်စွာ ဖယ်ရှားသန့်စင်နိုင်ပါသည်။ ထို့အပြင် ဆီများ၊ ဖုန်မှုန့်များ မှ ကာကွယ်ရန်အတွက် အလွှာပါးတစ်ထပ် ဖြင့် ထပ်မံဖုံးအုပ်ကာကွယ်နိုင်ပါသည်။ ထို့ကြောင့် ရေယက်တံအား မောင်းနင်စေရာတွင် ပိုမို ချောမွေ့စေ၍ တောက်ပြောင်ကြည်လင်သော လေကာမှန်ကို ရရှိနိုင်စေမည်ဖြစ်သည်။ ရှေ့လေကာမှန်အတွက် မှန်ကြည်ဆေးရည်၊ သန့်စင်ဆေးရည်သာမက ရေမတင်စေသော ဆေးလည်းဖြစ်သည်။ ပုံမှန်အသုံးပြုပေးပါက လေကာမှန်ပေါ်တွင် ရေကွက်ခြင်း ၊ ရေတင်ခြင်း ကို အကာအကွယ်ပေးနိုင်ပြီး ရှေ့မီးကြီးအား ဆေးကြော သန့်စင်ခြင်းများကို လည်း လုပ်ဆောင်နိုင်ပါသည်။ ဤအချက်မှာ အေးခဲသော ရာသီဥတုများတွင် ရှေ့လေကာမှန်အား မီးခိုးများ၊ မြူများ၊ ရေခဲများ၊ ဆား နှင့် ကယ်လဆီယမ်ဓာတ်ပါဝင်သော ဆီများ စုဝေးပေါင်းစပ်ခြင်း အား အကာအကွယ်ပေးနိုင်မည်ဖြဖစ်သည်။ သို့မှသာ ရှေ့မြင်ကွင်းအား ပိုမိုရှင်းလင်းစွာ မြင်နိုင်မည်ဖြစ်၍ လေကာမှန်သည်လည်း သန့်ရှင်းနေမည်ဖြစ်ကာ ပြင်ပတွင် မည်သို့သော အခြေအနေ ဖြစ်နေသည်ဖြစ်စေ မြင်ကွင်းအတွင်း ကြည်ကြည်လင်လင် တွေ့မြင်နိုင်မည် ဖြစ်သည်။ လေကာမှန်အား သန့်စင်ပေး၍ အကာအကွယ်လည်း ပေးနိုင်သည်။ ထို့အပြင် ရေယက်ရှိ ရာဘာ အပြားအားလည်း ချောဆီသဖွယ် ချောမွေ့စေရန် လုပ်ဆောင် ကာကွယ်ပေးနိုင်ပါသည်။
သုံးစွဲရန် လမ်းညွှန်
သန့်စင်သည့် စနစ်အတွင်းတွင် ဘူးတစ်လုံးနှင့် အတူ ရေ ၆ လီတာ ခန့်ရော၍ ထည့်ထားရုံသာ ဖြစ်ပါသည်။
 

CAR WASH WAX

F031 , F069, SPE : 500ML , 2L

ကားရေဆေး ဖယောင်းသည် နည်းပညာအရ အဆင့်မြင့်ဆုံး နည်းပညာကို အသုံးပြု၍ ထုတ်လုပ်ထားသော ကုန်ပစ္စည်းဖြစ်သည်။ ကျွန်တော်တို့ လုပ်ငန်းစု၏ မူပိုင် ဖြစ်သည့် သန့်ရှင်းစင်ကြယ်စေသည့် ပါဝင်ပစ္စည်းများ၊ မျက်နှာပြင် ချောဆီများနှင့် ကာနူဘာ ဖယောင်းအစစ်များသည် အဆင့်အတန်းနှင့် စံချိန်စံညွှန်းများနှင့် တစ်ထပ်တည်း ဖြစ်အောင် အာမခံဖြင့် ထုတ်လုပ်ထားရှိသော ပစ္စည်းများဖြစ်ပါသည်။
*အစင်းရာများ၊ စက်ဝိုင်းရာများကို ဖြစ်စေသည့် အညစ်အကြေးများကို အနူးညံ့ဆုံး ဖယ်ရှားသန့်စင်နိုင်သည်။
*ကားရေဆေးပြီး သည်နှင့် မှန်ကဲ့သို့ ကြည်လင်သော ရလဒ်ကို ဖြစ်ပေါ်စေသည်။
*ဆေး၏ အတွင်းပိုင်း ဖြာထွက်သည့် အရောင်ကိုပင် ပေါ်ထွက်လာအောင် သန့်စင်နိုင်သည်။
 
 
 

CAR WASH SHAMPOO

F030 , F068 , SPE : 500ml , 2L

အိမ်သုံးပန်ကန်ဆေး ဆပ်ပြာအများစုသည် မော်တော်ယာဉ်၏ ဖယောင်းတင်ထားခြင်းအား ထိခိုက်ပျက်စီးစေနိုင်သည့်အတွက် ကား၏ နူးညံ့သော ဆေးသား သည် အလွန်အရေးကြီးသည့်အတွက် အိမ်သုံးဆပ်ပြာကို အသုံးမပြုသင့်ပါ။ ကားပစ္စည်းများစွာထဲမှ အလွန်စိတ်ချရသော အမှတ်တံဆိပ်ဖြစ်သည်နှင့်အညီ ကား၏ နောက်ဆုံးပိတ်ဆေးသားအတွက် အကောင်းဆုံး ဖော်စပ်ထုတ်လုပ်ထားသည့် ကားဆေးဆပ်ပြာဆီပဲ ဖြစ်ပါသည်။ စွန်းထင်းနေသော အညစ်အကြေးများနှင့် လမ်းမှ အညစ်အကြေးများကို ဖယ်ရှားပေးနိုင်ပြီး နူးညံ့စွာသန့်စင်ပေး၍ တင်ထားသော ဖယောင်းများကိုလည်း ထိခိုက်ပျက်စီးစေခြင်း မရှိနိုင်ပါ။
*လမ်းမှ အညစ်အကြေးများနှင့် အခြား အညစ်အကြေးများကို ဖယ်ရှားရှင်းလင်းပစ်နိုင်သော စွမ်းအားမြင့် သန့်စင်ဆေးရည်ဖြစ်သည်။
*ဖယောင်းများအား ပျက်စီးစေခြင်းမရှိချေ။ အခြားအိမ်သုံးဆပ်ပြာရည်များက ပျက်စီးစေနိုင်သည်။
*သန့်စင်ကြည်လင်အောင် တင်ထားသော အလွှာအထပ်အပါအဝင် မော်တော်ယာဉ်၏ အခြားသော ဆေးများအားလုံးအတွက်လည်း စိတ်ချရပါသည်။
သုံးစွဲရန် အညွှန်း
၁။ အရိပ်အောက်တွင် အေးမြသောနေရာ ကားကို ရပ်ထား၍ အသုံးပြုပါ။
၂။ ကားကို ရေဖြင့် အရင်ဆေးပါ။
၃။ ရေပုံးထဲသို့ ကားဆေးဆပ်ပြာအား လောင်းထည့်၍ ရေရောပါ။ (ဆပ်ပြာရည် တစ်ဆ ရေ အဆ ၅၀၀)
၎။ ကားအား ဖော့တုံး၊ မျက်နှာသုတ်ပဝါစ သို့မဟုတ် လက်အိတ်ထူထူဖြင့် ပွတ်တိုက်ဆေးကြောပါ။
၅။ ကားကိုရေဆေးပါ။ နောက်ပြီး ခြောက်သွေ့စေရန် နူးညံ့ခြောက်သွေ့သော မျက်နှာသုတ်ပဝါစ သို့မဟုတ် သားရေပျော့စ ဖြင့် သုတ်ပေးပါ။

DASHBOARD POLISH

F004J, F004P, F004L, F004S , SPE : 450ML X 24PCS

မော်တော်ယာဉ်များ၏ ဒက်ရှ်ဘုတ်၊ သားရေးထိုင်ခုံများ၊ သားရေတု ထိုင်ခုံ ပစ္စည်းများအတွက် အသုံးဝင်ပါသည်။ မျက်နှာပြင်၏ တောက်ပြောင်မှုကို မြှင့်တင်ပေးပြီး အညစ်အကြေးများကို ဖယ်ရှားပေးပါသည်။ တမူထူးခြားလှသည့် စံပယ်ပန်းရနံ့လေးက သဘာဝအတိုင်း လန်းဆန်းသက်တောင့်သက်သာ ဖြစ်စေပါသည်။ အိမ်သုံးပစ္စည်းများအတွက်လည်း အသုံးဝင်ပါသည်။ ပရိဘောဂ၊ ပလတ်စတစ် ပစ္စည်းများပါ သုံးလို့ရပါသည်။ သင့်၏ ကားအား အမှန်တကယ် ဂရုစိုက်ပေးနိုင်သော ပစ္စည်းဖြစ်ပါသည်။ ပေါ်လစ်တိုက်ခြင်းနှင့် သန့်စင်ခြင်းအား တစ်ချိန်တည်းတွင် လုပ်ပေးနိုင်သော ပစ္စည်းလည်းဖြစ်သည်။
သုံးစွဲရန် အညွှန်း
၁။ အသုံးမပြုမီ ကောင်းမွန်စွာ လှုပ်ထားပါ။
၂။ အကွာအဝေး ၁၅-၂၅ စင်တီမီတာမှ သမမျှတအောင် ပက်ဖြန်းပေးပါ။
၃။ မျက်နှာပြင်အား ပိုမိုတောက်ပြောင်လာစေရန် နှင့် ဝင်းလက်လာစေရန် အတါက် အသာအယာ ပွတ်တိုက်ပေးပါ။