FLAMINGO

FOAM CLEANER

F002, SPE : 650ML X 12PCS

Foam Cleaner မှာအထူးကောင်းမွန်ထိရောက်သော သန့်ရှင်းရေးပစ္စည်းဖြစ်၍ဗီနိုင်းနှင့် အဝတ်စများ ကူရှင်အထည်အစများ၊ ခြေနင်းပြားများ၊ ကော်ဇောများနှင့် သားရေပစ္စည်းများအတွက် အကောင်းဆုံးပစ္စည်းဖြစ်သည်။ ဆေးမှုတ်ထားသော မျက်နှာပြင်များ သို့မဟုတ် ဆေးကြောသန့်စင်၍ ရသည့် မည်သည့် မျက်နှာပြင်အမျိုးအစားများအတွက် မဆို အကောင်းဆုံး အပြည့်စုံဆုံး ပစ္စည်းဖြစ်သည်။ နက်ရှိုင်းစွာ ဆေးကြောသန့်စင်နိုင်သည့် အမြှုပ်လုပ်ဆောင်ချက်ကြောင့် အညစ်အကြေးများကို ဖယ်ရှားသန့်စင်နိုင်ပြီး မူလအရောင်နှင့် အသွင်အပြင်ပုံစံကို ပြန်လည်ရရှိစနိုင်သည်။ အိမ်များအတွက်။ သန့်ရှင်းရေးပစ္စည်းများအတွက် အကောင်းဆုံးဖြစ်ကာ ဖော်မေကာ၊ ရေချိုးခန်း အသုံးအဆောင်ပစ္စည်းများ၊ နိုင်လွန်ကတ္တရာ သို့မဟုတ် ကြွေပြားများ၊ ဆေးသုတ်ထားသည့် နံရံများ၊ နံရံအကာပစ္စည်းများ၊ ခန်းဆီးလိုက်ကာ၊ ပြတင်းပေါက် ပန်ကာများ၊ ကြွေထည်၊ ဆေးသုတ်ထားသော သစ်သား သို့မဟုတ် သတ္တု များ စသည်တို့အတွက် အကောင်းဆုံးပစ္စည်းဖြစ်ပါသည်။ ဗီနိုင်း သို့မဟုတ် ကူရှင်ထိုင်ခုံအစများနှင့် ကော်ဇောများမှ အညစ်အကြေးများ နှင့် အစွန်းအထင်းများကို ဖယ်ရှားပေးနိုင်ပါသည်။
အသုံးပြုရန် အညွှန်း
၁။ ကောင်းမွန်စွာ လှုပ်ထားပေးပါ။
၂။ ဘူးအား တည့်မတ်စွာ ကိုင်ထား၍ သန့်စင်စေလိုသော မျက်နှာပြင်ပေါ်သို့ ပမာဏများပြားစွာ ဖြန်းပက်ပေးပါ။
၃။ စက္ကန့် ၃၀-၄၀ ခန့်ထား၍ ကြိုးကြာနီ ဘက်စုံသုံး အမြှုပ်ထွက် သန့်စင်ပစ္စည်းမှ သန့်ရှင်းအောင်ပြုလုပ်ပေးနေသည်ကို စောင့်ဆိုင်းပေးပါ။
၎။ စိုထိုင်းမှုရှိသော အဝတ်စ၊ ဖော့တုံး သို့မဟုတ် ဘရက်ရှ်ဖြင့် ခြောက်အောင်သုတ်ပေးပါ။
၅။ ခြောက်သွေ့သော အဝတ်စဖြင့် အသန့်သုတ်ပေးပါ။
၆။ အကွက်များမဖြစ်စေရန် အတွက် ဖန်သားမျက်နှာပြင် သို့မဟုတ် ကားဆေးပေါ်မှ မခြောက်သွေ့ခင် ပြောင်စင်အောင် ပိုလျှံကျနေသော ဆေးစက်များကို သုတ်ပေးပါ။ အကယ်၍ အခြောက်ခံထားရန် လိုပါက အမှုန့်လုပ်ထားသော သန့်စင်ပစ္စည်းကို မှန်မျက်နှာပြင် နှင့် ကား ပေါ်လစ် အပေါ်မှ အခြောက်မခံမီ အသုံးပြုပေးပါ။

SHINES & PROTECTS PROTECTANT – F027 , F028

F027 , F028, SPE : 295ML X 24PCS

Shines & Protects protectant ပစ္စည်းများမှာ တမူထူးခြားသည့် ပိုလီမာ ဆီလီကွန် ဓာတုပေါင်းစပ်နည်းဖြင့် ဗီနိုင်း ၊ ရာဘာ နှင့် ပလတ်စတစ်များ ၏ အပေါ်ယံမျက်နှာပြင်ကို ထိုးဖောက်နိုင်ကာ တောက်ပြောင်စေပြီး အကာအကွယ်ပေးနိုင်ပါသည်။ အနီအောက်ရောင်ခြည်ဒဏ်ကို ခံရ၍ အရောင်မှိန်ခြင်းနှင့် ကွဲအက်ခြင်း စသည့် ပြဿနာများကို လျော့ပါးစေနိုင်ပါသည်။ ထို့အပြင် အရောင်တင်ပြီးသားဖြစ်စေ၍ ယခင်အတိုင်း တောက်ပြောင် စိုပြည်နေစေမည်ဖြစ်ပါသည်။ အစင်းရာဒဏ်များကို အကာအကွယ်ပေးနိုင်ပါသည်။
အသုံးပြုရန် အညွှန်း
၁။ အရည်အသွေးမြင့်မားသော သန့်စင်ဆေးရည်ဖြင့် မျက်နှာပြင်အား သေသေချာချာ သန့်စင်ထားပါ။
၂။ သန့်ရှင်းစင်ကြယ်သော အဝတ် သို့မဟုတ် ဖော့တုံးဖြင့် ကြိုးကြာနီ အကာအကွယ်ဆေးအား အသုံးပြုပါ။ (ပက်ဖြန်းရန်အတွက်)
၃။ သမမျှတအောင် နေရာဖြန့်ပေးပါ။ မိနစ်အနည်းငယ်မျှ အထဲသို့ စိမ့်ဝင်သွားစေရန် စောင့်ဆိုင်းပေးပါ။ လှပတောက်ပြောင်၍ အကာအကွယ်ရစေရန်အတွက် ပိုနေသော ဆေးများကို ဖယ်ရှားပေးပါ။ အချို့သော မျက်နှာပြင်များ၌ နှစ်ထပ်အသုံးပြုခြင်းသည် အကောင်းဆုံးသော ရလဒ်ကို ရရှိစေနိုင်ပါသည်။ တောက်ပြောင်၍ ကောင်းမွန်သော အကာအကွယ် အလွှာပါးအထပ်ကို ရရှိစေနိုင်ရန် အတွက် လိုအပ်သလောက်သာ အသုံးပြုပေးပါ။
 
 
 

SHINES & PROTECTS PROTECTANT

F025 , F026, SPE : 118ML X 24PCS

Shines & Protects protectant ပစ္စည်းများမှာ တမူထူးခြားသည့် ပိုလီမာ ဆီလီကွန် ဓာတုပေါင်းစပ်နည်းဖြင့် ဗီနိုင်း ၊ ရာဘာ နှင့် ပလတ်စတစ်များ ၏ အပေါ်ယံမျက်နှာပြင်ကို ထိုးဖောက်နိုင်ကာ တောက်ပြောင်စေပြီး အကာအကွယ်ပေးနိုင်ပါသည်။ အနီအောက်ရောင်ခြည်ဒဏ်ကို ခံရ၍ အရောင်မှိန်ခြင်းနှင့် ကွဲအက်ခြင်း စသည့် ပြဿနာများကို လျော့ပါးစေနိုင်ပါသည်။ ထို့အပြင် အရောင်တင်ပြီးသားဖြစ်စေ၍ ယခင်အတိုင်း တောက်ပြောင် စိုပြည်နေစေမည်ဖြစ်ပါသည်။ အစင်းရာဒဏ်များကို အကာအကွယ်ပေးနိုင်ပါသည်။
အသုံးပြုရန် အညွှန်း
၁။ အရည်အသွေးမြင့်မားသော သန့်စင်ဆေးရည်ဖြင့် မျက်နှာပြင်အား သေသေချာချာ သန့်စင်ထားပါ။
၂။ သန့်ရှင်းစင်ကြယ်သော အဝတ် သို့မဟုတ် ဖော့တုံးဖြင့် ကြိုးကြာနီ အကာအကွယ်ဆေးအား အသုံးပြုပါ။ (ပက်ဖြန်းရန်အတွက်)
၃။ သမမျှတအောင် နေရာဖြန့်ပေးပါ။ မိနစ်အနည်းငယ်မျှ အထဲသို့ စိမ့်ဝင်သွားစေရန် စောင့်ဆိုင်းပေးပါ။ လှပတောက်ပြောင်၍ အကာအကွယ်ရစေရန်အတွက် ပိုနေသော ဆေးများကို ဖယ်ရှားပေးပါ။ အချို့သော မျက်နှာပြင်များ၌ နှစ်ထပ်အသုံးပြုခြင်းသည် အကောင်းဆုံးသော ရလဒ်ကို ရရှိစေနိုင်ပါသည်။ တောက်ပြောင်၍ ကောင်းမွန်သော အကာအကွယ် အလွှာပါးအထပ်ကို ရရှိစေနိုင်ရန် အတွက် လိုအပ်သလောက်သာ အသုံးပြုပေးပါ။
 
 
 

AIR FRESHENER

Fo11S, F011R, F011P, F011L, F011J, F011A , SPE : 330ML X 36PCS

လေသန့်စင်ဆေးမှာ နောက်ဆုံးပေါ် ခေတ်မီ လေသန့်စင်ပေးသည့် နည်းစနစ်များကို အသုံးပြုထားပြီး အနံဆိုးများကို ပျောက်ကင်းစေရန် ဖော်စပ်ထုတ်လုပ်ထားခြင်းဖြစ်ကာ ကမ္ဘာ့အကောင်းဆုံး အသစ်လွင်ဆုံးသော ပန်းရနံ့များဖြင့် ပေါင်းစပ်ထုတ်လုပ်ထားခြင်းလည်း ဖြစ်ပါသည်။ လျင်မြန်ထိရောက်စွာ အနံ့ဆိုးများ၊ မီးခိုးများကို ပယ်ရှားပစ်နိုင်ပြီး အခန်းတွင်း သင်းပျံ့သော ရနံ့ကို ရရှိစေကာ သုံးစွဲသူ၏ ကျန်းမာရေးကိုလည်း အမြင့်ဆုံးအထောက်အကူ ပြုကာကွယ်နိုင်စေရန် အထူးထုတ်လုပ်ထားရှိပါသည်။ မိသားစုသုံး၊ ရုံးသုံး၊ ဟိုတယ်၊ မီးဖိုချောင်၊ အိမ်သာနှင့် အပန်းဖြေနေရာများ၊ ကား၊ ရထားနှင့် သင်္ဘောများ အစရှိသဖြင့် အသုံးပြုနိုင်သော ပစ္စည်းလည်းဖြစ်ပါသည်။

သုံးစွဲရန် အညွှန်း
၁။ အသုံးမပြုမီ အချိန်တိုင်းတွင် ကောင်းမွန်စွာ လှုပ်ထားပေးပါ။
၂။ ဘူးအားအပေါ်သို့ တည့်မတ်စွာထောင်ထား၍ အခန်းတွင်းနေရာများကို ပက်ဖြန်းစေရန် ခလုတ်ကို ဖိပေးပါ။ လူများထံသို့ ပက်ဖြန်းခြင်းမျိုး မလုပ်ရ။
၃။ ပိုမိုထိရောက်သော အကျိုးရလာဒ်ကို ရရှိလိုပါက အခန်းတံခါးနှင့် ပြတင်းပေါက်များကို ပိတ်ထား၍ ၃ စက္ကန့်မှ ၅ စက္ကန့်အထိ ပက်ဖြန်းနိုင်ပါသည်။
၎။ အနံ့မခံနိုင်သော ရင်ကြပ်တတ်သော သူများအနေဖြင့် အခန်းတံခါးအလုံမပိတ်မီတွင် ထွက်ခွာသွားပေးရန် လိုအပ်မည်ဖြစ်ပါသည်။

SCRATCH REMOVER

F099, SPE : 300ML

Scratch remover သည် ကားကိုယ်ထည်ရှိ ဆေးပေါ်တွင် အရာထင်နေသော အစွန်းအထင်းများ၊ ဆေးအကွက်အဝိုင်းများနှင့် မှုန်ဝါးညစ်ထေးနေသောအရာများ ဖယ်ရှားရာတွင် အထောက်အကူဖြစ်စေပါသည်။ ဆေးအကွက်ငယ်များနှင့် ရေကွက်များကို လည်း အလျင်အမြန်နှင့် အလွယ်တကူ ဖယ်ရှားရှင်းလင်း နိုင်စွမ်းရှိပါသည်။ ဆေး၏ အရောင်ကို ပြန်လည် တောက်ပလာစေ၍ မှုတ်ဆေး မှုတ်ထားခြင်းအား အသစ်အတိုင်း ပြန်လည်ဖြစ်စေပြီး သာမန် ပွတ်တိုက်ရသည့် ပစ္စည်းများကဲ့သို့ ဆေးအလွှာပါးပေါ်တွင် အစွန်းအထင်းများ ထင်ကျန်ရစ်ခြင်းမျိုး မဖြစ်စေပါ။ ကြမ်းတမ်းရှတခြင်း မရှိသည့် အထူး အရည်ပါဝင် ဖော်စပ်ထားသော ဆေးဖြစ်ပြီး အလွယ်တကူဖြင့် သက်တောင့်သက်သာစွာ အသုံးပြုနိုင်ပါသည်။

အသုံးပြုရန် အညွှန်း
အသုံးမပြုမီတွင် ကောင်းမွန်စွာ လှုပ်ထားပေးပါ။ ကားအားရေဆေး၍ အခြောက်ခံထားပါ။ နေရောင်ခြည် တိုက်ရိုက်ထိတွေ့နေသော မျက်နှာပြင်အစား အေးမြနေသော ကားကိုယ်ထည် မျက်နှာပြင်ပေါ်တွင် အသုံးပြုပေးပါ။ သန့်ရှင်း ခြောက်သွေ့နေသော အဝတ်စပေါ်သို့ ထည့်လိုက်ပါ။ အစင်းဖြစ်နေသော နေရာများပေါ်သို့ ပျံ့နှံ့အောင် စက်ဝိုင်းပုံစံ ပွတ်တိုက်ပေးပါ။ ပြီးနောက် မှုန်မှုန်ဝါးဝါးဖြစ်အောင် အခြောက်ခံပေးပါ။ ထို့နောက်သန့်စင်ခြောက်သွေ့သော အဝတ်ဖြင့် ပွတ်တိုက်ပေးပါ။

HEADLIGHT RESTORER

F097, SPE : 300ML

မှုန်မှုန်မှိုင်းမှိုင်းဖြစ်နေခြင်း၊ ခြောက်ကပ်ကပ်မွဲခြောက်ခြောက်ဖြစ်နေခြင်း၊ ဝါကျင့်ကျင့်ဖြစ်နေသောမီးခွက် များကို အသစ်အတိုင်း ပြန်လည် ဖြစ်စေသော ပစ္စည်းဖြစ်သည်။ မီးခွက် ဖန်သားမျက်နှာပြင်များကို သန့်ရှင်းတောက်ပြောင်စေ၍ လေဒဏ်၊ ရေဒဏ်မှ အကာအကွယ်ပေးနိုင်သော ထပ်ပိုးအလွှာ ကိုလည်း တစ်ချိန်တည်းတွင် ဖုံးအုပ်ပေးပြီးသား ဖြစ်နေစေသည်။ ကော်ပတ်တိုက်ခြင်း သို့မဟုတ် အဝတ်စဖြင့် ပေါ်လစ်တင်ခြင်းများ ပြုလုပ်ရန် မလိုအပ်ပါ။ ထူးခြားသော ပေါ်လစ်တင်ပစ္စည်းဒြပ်ပေါင်းများ၏ ပေါင်းစပ်မှုဖြင့် လေလုံ၊ ရေစရုံသာမက မီးခွက်များကို ကြည်လင်နေစေ၍ အမြင်စွမ်းအား ရရှိနိုင်မှုကို ပိုမိုတိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။ ဘရိတ်မီးများ၊ မော်တော်ဆိုင်ကယ်၏ လေကာမှန်များ၊ ဦးထုပ်များနှင့် လှေများ၏ ပြတင်းပေါက်မှန်များ အတွက်လည်း အသုံးပြုနိုင်ပါသည်။

အသုံးပြုရန် အညွှန်း
အသုံးမပြုမီ ကောင်းမွန်စွာ လှုပ်ထားပေးပါ။
ရှေ့မီးကြီးအား သေသေချာချာ ဆေးကြော၍ ခြောက်သွေ့အောင်ပြုလုပ်ထားပါ။
ရှေ့မီးကြီး ပြန်လည် မွမ်းမံရေး ဆေးကိုယူ၍ သန့်ရှင်းခြောက်သွေ့သော အဝတ်ငယ်ဖြင့် ပွတ်တိုက်ပေးပါ။ အဝိုင်းလိုက်ပုံစံဖြင့် အားထည့် ၍ ပွတ်တိုက်ပေးပါ။ တစ်ကြိမ်တွင် မီးကြီးတစ်လုံးကိုသာ တိုက်ပေးပါ။ ရှေ့မီးကြီးအား ခြောက်သွေ့၍ နူးညံ့သော အဝတ်သို့မဟုတ် အမျှင်ငယ်များဖြင့် ပေါင်းစပ်ရက်လုပ်ထားသော အဝတ်စဖြင့် တိုက်ပေးပါ။ အလွန်အမင်း မှုံမှိုင်းနေသော မီးကြီးများအတွက်မူ ထပ်ခါထပ်ခါ အစအဆုံး ပြန်လည် ပွတ်တိုက်ပေးပါ။
 
 

CAR POLISH WAX

F041, SPE : 230G X 24PCS

ကား၏ ဆေးအား အကြာရှည်ဆုံး တောင်ပြောင်မှုကို ပေးစွမ်းနိုင်ပြီး ကာနူဘာ ဖယောင်း ဖော်မြူလာနှင့် အတူ အကာအကွယ်ပေးနိုင်ပါသည်။ ဓာတုဗေဒ ဖော်စပ်နည်းအတွက် ဘရာဇီးလ်နိုင်ငံမှ ကာနူဘာ ဆိုသည့် နံပါတ် ၁ ဖယောင်းကို အသုံးပြုထားပါသည်။ ကမ္ဘာပေါ်တွင် အမာဆုံးသော သဘာဝမှ ရရှိသည့် ဖယောင်းတစ်မျိုးဖြစ်ကာ တောက်ပြောင်မှုရှိပြီး ၁၂ လခန့်ကြာသည်အထိ အကာအကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် ယင်းဓာတုဖော်စပ်နည်းတွင် အသုံးပြုထားသော အလွန်သေးငယ်သည့် ပေါ်လစ်တင်သော ပစ္စည်းများမှာလည်း အစင်းရာများနှင့် မှိုင်းအုံ့အုံဖြစ်နေစေသော အကွက်အပြောက်များကို ဖယ်ရှားနိုင်စွမ်းရှိပါသည်။
 

DIAMOND HARD WAX

F042, SPE : 230G X 24PCS

ဘရာဇီးလ်နိုင်ငံမှ တင်သွင်းလာသော ကာနူဘာ ဖယောင်းကို အသုံးပြု၍ ထုတ်လုပ်ထားသည်။ အထူးကောင်းမွန်သည့် အရည်အသွေးရှိသော ရေနံဆီ ဖယောင်းအမျိုးအစား ဖြစ်ကာ နာနို ပစ္စည်းများဖြင့် ပေါင်းစပ် ထုတ်လုပ်ထားပါသည်။ ကား၏ ကိုယ်ထည်တွင် သန်စွမ်းသော စက်သုံး စွမ်းအား တစ်ခုကို ဖြစ်ပေါ်စေကာ သန်မာသည့် ဖယောင်းအလွှာပါးဖြင့် ပုံစံဖြစ်ပေါ်စေပါသည်။ (အပူချိန်မှာ ၀ ဒီဂရီ၊ ဆန့်နိုင်အား အရှိန် တစ်မိနစ်လျှင် ၃၅၀ မီလီမီတာ နှင့် ဆန့်နိုင်သော စွမ်းအား တစ်စတုရန်း စင်တီမီတာလျှင် ၃၀၀ နယူတန်) မော်တော်ယာဉ်ပေါ်တွင် မှုတ်ထားသော ဆေးအား ထိခိုက်စေနိုင်သည့် ခြစ်ရာ၊ စင်းရာ၊ အက်ဆစ်မိုးဒဏ်၊ အနီအောက်ရောင်ခြည် ဒဏ်ခံနိုင်ခြင်းနှင့် ပုရွက်ဆိတ်နှင့်အင်းဆက်များမတက်စေခြင်း စသည့် အကာအကွယ်များကို ပေးနိုင်စွမ်းပါသည်။
 
အသုံးပြုရန် အညွှန်း
မော်တော်ယာဉ်အား ရေဆေး၍ ခြောက်သွေ့အောင်ထားပါ။ အထူးစီမံဖော်စပ်ထားသည့် ဖော်မြူလာအား တင်၍ သုတ်ပေးပါ။ ကုန်ပစ္စည်းအား စက်ဝိုင်းပုံစံအသုံးပြု၍ တင်ပေးပါ။ တစ်ခါလုပ်လျှင် ကားဆေး၏ အပိုင်း တစ်ပိုင်းသာ အသုံးပြုပါ။ ခြောက်သွေ့သွားအောင် စောင့်ဆိုင်းပေးပါ။ ထို့နောက် ခြောက်သွေ့၍ သန့်ရှင်းနူးညံ့သော အဝတ်ဖြင့် သုတ်လိုက်ပါ။ မကြာမကြာ ယင်းသို့ အသုံးပြုပေးပါ။
အကောင်းဆုံးသော ရလာဒ်ရရှိစေရန် အလို့ငှာ နေရောင်ခြည်မှ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားပေးပါ။ မော်တော်ယာဉ်၏ ကိုယ်ထည် မျက်နှာပြင်အား အေးမြနေစေပါ။ ဗိုင်းနယ် အပေါ်ပိုင်း၊ ပြောင်ချောနေသည့် ပလတ်စတစ်အပိုင်းအစ၊ အမည်းရောင်ဆေး ရှိသော မျက်နှာပြင်၊ သစ်သားပုံစံဖော်ထားသော အပိုင်းအကန့်များ၊ ကွဲအက်နေသော သို့မဟုတ် ကောင်းမွန်စွာ ဆေးမှုတ်ထားခြင်းမရှိသော နေရာများတွင် အသုံးမပြုရပါ။ ဖော်စပ်ထားသော ဓာတုပစ္စည်းမှာ မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များ၊ အပျော်စီး မော်တော်ယာဉ်ငယ်များ နှင့် အခြားပစ္စည်းများ ကို ပြန်လည်မွမ်းမံစေနိုင်၍ အကာအကွယ်ပေးနိုင်ပါသည်။

RUBBING COMPOUND

F050, SPE : 946ML X 12PCS

Rubbing Compound တွင်မြင့်မားသော အဆင့်မြင့်နည်းပညာနှင့် အကောင်းဆုံး ကုန်ကြမ်း ပစ္စည်းများကိုပါဝင် ပေါင်းစပ် ထုတ်လုပ်ထားသော ကုန်ပစ္စည်းဖြစ်၍ ဆေးမှုတ်ထားသော မျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်နေသော ချွတ်ယွင်းချက်များကို လျင်မြန်စွာ၊ ဘေးကင်းလုံခြုံစွာဖြင့် ဖယ်ရှား ပစ်လိုက်နိုင်သည်။ ဆေးမျက်နှာပြင် ပွန်းသည့်ဒဏ်ရာအသေးစားများနှင့် သံချေးတက်ခြင်းများကို အထူးအားဖြင့် ဖယ်ရှားနိုင်ပါသည်။ ထိုကြောင့် ပိုမို၍ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပြီး ကောင်းမွန်ထင်ရှားသည့် ရလာဒ်ကိုလည်းထူးခြားစွာ ရရှိနိုင်မည်ဖြစ်သည်။

အသုံးပြုနည်း လမ်းညွှန်
ကုန်ပစ္စည်းအား အသုံးမပြုမီတွင် ဆေးမှုတ်ထားသော မျက်နှာပြင်မှာ သန့်ရှင်း၍ အေးမြနေစေရမည်။ အသုံးမပြုမီ ကောင်းမွန်စွာ လှုပ်ပေးပါ။လည်ပတ်၍ အရောင်တင်ရသည့် စက်အား အသုံးပြု၍ ဖိတိုက်ရသည့်အခါတွင် ရေအနည်းငယ်အား ဆေးမှုတ်ထားသည့် မျက်နှာပြင်ပေါ်သို့ ဖြန်းပက်ပေးပါ။ သို့မှသာ ဖိကြိတ်နေရသည့် အပြားနှင့် ဆေးမျက်နှာပြင်ကြားတွင် ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသော အပူရှိန်ကို လျှော့ချပေးနိုင်မည်ဖြစ်သည်။ လည်ပတ်နေသော အရှိန်အားလည်း ၁၅၀၀ မှ ၂၀၀၀ အကြားတွင်သာ ထားရှိပေးပါ။

POLISHING GLAZE

F051, SPE : 946ML X 12PCS

Polishing Glaze သည် အနည်းငယ်စားခြင်းအဆင့်ပိုမိုပါဝင်ပြီး ကြာရှည်ခံသော အရောင်တင်ဆေး အမျိုးအစားဖြစ်ကာ ဆေးမှုတ်ထားသည့်မည်သည့် မျက်နှာပြင်မျိုးတွင်မဆို အနည်းငယ်မျှဖြစ်လေ့ဖြစ်ထရှိသော ခြစ်ရာ ပွန်းရာများ၊ သံချေးတက်မှုများနှင့် စက်ဝိုင်းပုံဖြစ်နေသော အစင်းကြောင်းများကို လျင်လျင်မြန်မြန်နှင့် ထိရောက်စွာ ဖယ်ရှားနိုင်စွမ်းရှိပါသည်။ နက်ရှိုင်းသည့်အပိုင်းအထိ အကာအကွယ်ပေးနိုင်စွမ်းလည်း ရှိပါသည်။