NEW PRODUCTS

LEATHERTECH MOISTURE INFUSION GEL CREAM

#06310,7 oz.

Mothers ၏ စိုထိုင်းဆဖန်တီးပေးသည့် သားရေထိန်းသိမ်းသည့်ဆေးသည် သမားရိုးကျနည်းလမ်းများထက် သာလွန်ပြီး သင့်သားရေမျက်နှာပြင်ကို လွယ်ကူသည့် အဆင့်တစ်ခုတည်းဖြင့် ကြံ့ခိုင်စေကာ ကာကွယ်ပေးသည်။

အလွှာလိုက်ရေဓာတ်ဖြည့်တင်းပေးပြီး အိုဟောင်းပျက်စီးမှုကိုလည်း ကာကွယ်ပေးသည်။အကောင်းဆုံးအားဆေးများက အပူဒဏ်နှင့် နေရောင်ကြောင့်ဆုံးရှုံးသွားသည့် သဘာဝအဆီဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး အဆင့်မြင့် စိုထိုင်းဆထိန်းသိမ်းမှုက သားရေကြာ ရှည်ခံစေရန် ထိန်းသိမ်းပေးသည့်အပြင် အရောင်မှိန်၊ခြောက်သွေ့၊ အက်ကွဲခြင်းတို့မှ ကာကွယ်ပေးသည်။

LEATHERTECH FOAMING WASH

#06410,8 oz.

ဤသားရေသန့်စင်အမြှုပ်သည် ကာလာကြာရှည်ပစ်ထားသည့် သားရေအချောထည်နှင့် ဗီနိုင်းမျက်နှာပြင်များတွင် စွဲထင်နေသည့် အစွန်းအထင်းများကိုပင် အကြွင်းမဲ့သန့်စင်စေနိုင်သည်။ အထူးဖော်စပ်ထားပြီး အလှဆီပါဝင်သည့် ဤသန့်စင်ဆေးသည် စိုထိုင်းဆကို အမျှတဆုံးဖြစ်ရန်   ထိန်းသိမ်းပေးထားပြီး ဖုန်နှင့်အမှိုက်များကို ပျော်ဝင်စေခြင်းဖြင့် အစွမ်းကုန်သန့်ရှင်းစင်ကြယ်စေသည်။

BACK-TO-BLACK TIRE RENEW

# 09324,24 oz.

Mothers ၏ Back-to-Black တာယာသစ်လွင်ဆေးကို သန့်စင်စေသော အကောင်းဆုံးဓာတ်ကူပစ္စည်းများဖြင့် ဖော်စပ်ထားသည့်အတွက် ချွတ်ရခက်သည့် ဖုန်၊ရွှံ့၊ဆီချေး နှင့် ဘရိတ်မှုန်နှင့် ဆေးဟောင်းများအား မည်သည့်တာယာအမျိုးအစားတွင်မဆို ဖျန်းပြီးသုတ်လိုက်ရုံဖြင့် အလွယ်တကူဖယ်ရှားပေးသည်။ တာယာကိုထိခိုက်စေခြင်းမရှိဘဲ သန့်စင်မှုကို ကြာရှည်ထိန်းသိမ်းပေး ထားသည်။