DIAMOND HARD WAX

ဘရာဇီးလ်နိုင်ငံမှ တင်သွင်းလာသော ကာနူဘာ ဖယောင်းကို အသုံးပြု၍ ထုတ်လုပ်ထားသည်။ အထူးကောင်းမွန်သည့် အရည်အသွေးရှိသော ရေနံဆီ ဖယောင်းအမျိုးအစား ဖြစ်ကာ နာနို ပစ္စည်းများဖြင့် ပေါင်းစပ် ထုတ်လုပ်ထားပါသည်။ ကား၏ ကိုယ်ထည်တွင် သန်စွမ်းသော စက်သုံး စွမ်းအား တစ်ခုကို ဖြစ်ပေါ်စေကာ သန်မာသည့် ဖယောင်းအလွှာပါးဖြင့် ပုံစံဖြစ်ပေါ်စေပါသည်။ (အပူချိန်မှာ ၀ ဒီဂရီ၊ ဆန့်နိုင်အား အရှိန် တစ်မိနစ်လျှင် ၃၅၀ မီလီမီတာ နှင့် ဆန့်နိုင်သော စွမ်းအား တစ်စတုရန်း စင်တီမီတာလျှင် ၃၀၀ နယူတန်) မော်တော်ယာဉ်ပေါ်တွင် မှုတ်ထားသော ဆေးအား ထိခိုက်စေနိုင်သည့် ခြစ်ရာ၊ စင်းရာ၊ အက်ဆစ်မိုးဒဏ်၊ အနီအောက်ရောင်ခြည် ဒဏ်ခံနိုင်ခြင်းနှင့် ပုရွက်ဆိတ်နှင့်အင်းဆက်များမတက်စေခြင်း စသည့် အကာအကွယ်များကို ပေးနိုင်စွမ်းပါသည်။
 
အသုံးပြုရန် အညွှန်း
မော်တော်ယာဉ်အား ရေဆေး၍ ခြောက်သွေ့အောင်ထားပါ။ အထူးစီမံဖော်စပ်ထားသည့် ဖော်မြူလာအား တင်၍ သုတ်ပေးပါ။ ကုန်ပစ္စည်းအား စက်ဝိုင်းပုံစံအသုံးပြု၍ တင်ပေးပါ။ တစ်ခါလုပ်လျှင် ကားဆေး၏ အပိုင်း တစ်ပိုင်းသာ အသုံးပြုပါ။ ခြောက်သွေ့သွားအောင် စောင့်ဆိုင်းပေးပါ။ ထို့နောက် ခြောက်သွေ့၍ သန့်ရှင်းနူးညံ့သော အဝတ်ဖြင့် သုတ်လိုက်ပါ။ မကြာမကြာ ယင်းသို့ အသုံးပြုပေးပါ။
အကောင်းဆုံးသော ရလာဒ်ရရှိစေရန် အလို့ငှာ နေရောင်ခြည်မှ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ရှားပေးပါ။ မော်တော်ယာဉ်၏ ကိုယ်ထည် မျက်နှာပြင်အား အေးမြနေစေပါ။ ဗိုင်းနယ် အပေါ်ပိုင်း၊ ပြောင်ချောနေသည့် ပလတ်စတစ်အပိုင်းအစ၊ အမည်းရောင်ဆေး ရှိသော မျက်နှာပြင်၊ သစ်သားပုံစံဖော်ထားသော အပိုင်းအကန့်များ၊ ကွဲအက်နေသော သို့မဟုတ် ကောင်းမွန်စွာ ဆေးမှုတ်ထားခြင်းမရှိသော နေရာများတွင် အသုံးမပြုရပါ။ ဖော်စပ်ထားသော ဓာတုပစ္စည်းမှာ မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များ၊ အပျော်စီး မော်တော်ယာဉ်ငယ်များ နှင့် အခြားပစ္စည်းများ ကို ပြန်လည်မွမ်းမံစေနိုင်၍ အကာအကွယ်ပေးနိုင်ပါသည်။