Foam Cleaner မှာအထူးကောင်းမွန်ထိရောက်သော သန့်ရှင်းရေးပစ္စည်းဖြစ်၍ဗီနိုင်းနှင့် အဝတ်စများ ကူရှင်အထည်အစများ၊ ခြေနင်းပြားများ၊ ကော်ဇောများနှင့် သားရေပစ္စည်းများအတွက် အကောင်းဆုံးပစ္စည်းဖြစ်သည်။ ဆေးမှုတ်ထားသော မျက်နှာပြင်များ သို့မဟုတ် ဆေးကြောသန့်စင်၍ ရသည့် မည်သည့် မျက်နှာပြင်အမျိုးအစားများအတွက် မဆို အကောင်းဆုံး အပြည့်စုံဆုံး ပစ္စည်းဖြစ်သည်။ နက်ရှိုင်းစွာ ဆေးကြောသန့်စင်နိုင်သည့် အမြှုပ်လုပ်ဆောင်ချက်ကြောင့် အညစ်အကြေးများကို ဖယ်ရှားသန့်စင်နိုင်ပြီး မူလအရောင်နှင့် အသွင်အပြင်ပုံစံကို ပြန်လည်ရရှိစနိုင်သည်။ အိမ်များအတွက်။ သန့်ရှင်းရေးပစ္စည်းများအတွက် အကောင်းဆုံးဖြစ်ကာ ဖော်မေကာ၊ ရေချိုးခန်း အသုံးအဆောင်ပစ္စည်းများ၊ နိုင်လွန်ကတ္တရာ သို့မဟုတ် ကြွေပြားများ၊ ဆေးသုတ်ထားသည့် နံရံများ၊ နံရံအကာပစ္စည်းများ၊ ခန်းဆီးလိုက်ကာ၊ ပြတင်းပေါက် ပန်ကာများ၊ ကြွေထည်၊ ဆေးသုတ်ထားသော သစ်သား သို့မဟုတ် သတ္တု များ စသည်တို့အတွက် အကောင်းဆုံးပစ္စည်းဖြစ်ပါသည်။ ဗီနိုင်း သို့မဟုတ် ကူရှင်ထိုင်ခုံအစများနှင့် ကော်ဇောများမှ အညစ်အကြေးများ နှင့် အစွန်းအထင်းများကို ဖယ်ရှားပေးနိုင်ပါသည်။
အသုံးပြုရန် အညွှန်း
၁။ ကောင်းမွန်စွာ လှုပ်ထားပေးပါ။
၂။ ဘူးအား တည့်မတ်စွာ ကိုင်ထား၍ သန့်စင်စေလိုသော မျက်နှာပြင်ပေါ်သို့ ပမာဏများပြားစွာ ဖြန်းပက်ပေးပါ။
၃။ စက္ကန့် ၃၀-၄၀ ခန့်ထား၍ ကြိုးကြာနီ ဘက်စုံသုံး အမြှုပ်ထွက် သန့်စင်ပစ္စည်းမှ သန့်ရှင်းအောင်ပြုလုပ်ပေးနေသည်ကို စောင့်ဆိုင်းပေးပါ။
၎။ စိုထိုင်းမှုရှိသော အဝတ်စ၊ ဖော့တုံး သို့မဟုတ် ဘရက်ရှ်ဖြင့် ခြောက်အောင်သုတ်ပေးပါ။
၅။ ခြောက်သွေ့သော အဝတ်စဖြင့် အသန့်သုတ်ပေးပါ။
၆။ အကွက်များမဖြစ်စေရန် အတွက် ဖန်သားမျက်နှာပြင် သို့မဟုတ် ကားဆေးပေါ်မှ မခြောက်သွေ့ခင် ပြောင်စင်အောင် ပိုလျှံကျနေသော ဆေးစက်များကို သုတ်ပေးပါ။ အကယ်၍ အခြောက်ခံထားရန် လိုပါက အမှုန့်လုပ်ထားသော သန့်စင်ပစ္စည်းကို မှန်မျက်နှာပြင် နှင့် ကား ပေါ်လစ် အပေါ်မှ အခြောက်မခံမီ အသုံးပြုပေးပါ။
© 2017-2023 Steadfast Trading Co., Ltd (Apex Auto Body Shop). All Rights Reserved.