မှုန်မှုန်မှိုင်းမှိုင်းဖြစ်နေခြင်း၊ ခြောက်ကပ်ကပ်မွဲခြောက်ခြောက်ဖြစ်နေခြင်း၊ ဝါကျင့်ကျင့်ဖြစ်နေသောမီးခွက် များကို အသစ်အတိုင်း ပြန်လည် ဖြစ်စေသော ပစ္စည်းဖြစ်သည်။ မီးခွက် ဖန်သားမျက်နှာပြင်များကို သန့်ရှင်းတောက်ပြောင်စေ၍ လေဒဏ်၊ ရေဒဏ်မှ အကာအကွယ်ပေးနိုင်သော ထပ်ပိုးအလွှာ ကိုလည်း တစ်ချိန်တည်းတွင် ဖုံးအုပ်ပေးပြီးသား ဖြစ်နေစေသည်။ ကော်ပတ်တိုက်ခြင်း သို့မဟုတ် အဝတ်စဖြင့် ပေါ်လစ်တင်ခြင်းများ ပြုလုပ်ရန် မလိုအပ်ပါ။ ထူးခြားသော ပေါ်လစ်တင်ပစ္စည်းဒြပ်ပေါင်းများ၏ ပေါင်းစပ်မှုဖြင့် လေလုံ၊ ရေစရုံသာမက မီးခွက်များကို ကြည်လင်နေစေ၍ အမြင်စွမ်းအား ရရှိနိုင်မှုကို ပိုမိုတိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။ ဘရိတ်မီးများ၊ မော်တော်ဆိုင်ကယ်၏ လေကာမှန်များ၊ ဦးထုပ်များနှင့် လှေများ၏ ပြတင်းပေါက်မှန်များ အတွက်လည်း အသုံးပြုနိုင်ပါသည်။
အသုံးပြုရန် အညွှန်း
အသုံးမပြုမီ ကောင်းမွန်စွာ လှုပ်ထားပေးပါ။
ရှေ့မီးကြီးအား သေသေချာချာ ဆေးကြော၍ ခြောက်သွေ့အောင်ပြုလုပ်ထားပါ။
ရှေ့မီးကြီး ပြန်လည် မွမ်းမံရေး ဆေးကိုယူ၍ သန့်ရှင်းခြောက်သွေ့သော အဝတ်ငယ်ဖြင့် ပွတ်တိုက်ပေးပါ။ အဝိုင်းလိုက်ပုံစံဖြင့် အားထည့် ၍ ပွတ်တိုက်ပေးပါ။ တစ်ကြိမ်တွင် မီးကြီးတစ်လုံးကိုသာ တိုက်ပေးပါ။ ရှေ့မီးကြီးအား ခြောက်သွေ့၍ နူးညံ့သော အဝတ်သို့မဟုတ် အမျှင်ငယ်များဖြင့် ပေါင်းစပ်ရက်လုပ်ထားသော အဝတ်စဖြင့် တိုက်ပေးပါ။ အလွန်အမင်း မှုံမှိုင်းနေသော မီးကြီးများအတွက်မူ ထပ်ခါထပ်ခါ အစအဆုံး ပြန်လည် ပွတ်တိုက်ပေးပါ။
© 2017-2023 Steadfast Trading Co., Ltd (Apex Auto Body Shop). All Rights Reserved.