Flamingo Longlife coolant အင်ဂျင် အအေးပေးသည့် အဆီသည် အအေးခံသည့် စနစ် အတွင်းသို့ အအေးပေးသည့် အရည်အား ဖြည့်တင်းပေးခြင်းအားဖြင့် အပူစီးကူးသည့် လုပ်ငန်းကို ထိရောက်မှုရှိစွာ ထိန်းချုပ်ပေးနိုင်ပါသည်။ အင်ဂျင်အား အပူလွန်ကဲခြင်းမှ ကာကွယ်ပေးနိုင်သည်။ အခြားသော အေးခဲမှု မဖြစ်ပေါ်စေရန် လုပ်ဆောင်ပေးသည့် ပစ္စည်းများနှင့် အအေးပေးသည့် အရည်များအားလုံးနှင့် တွဲဖက်အသုံးပြုနိုင်ပါသည်။ အင်ဂျင်ကို အအေးပေးသည့် ကိရိယာ သို့ ကားရေတိုင်ကီ အတွင်းရှိ အအေးပေးသည့် အရည်အား နှစ်စဉ်လဲလှယ်ပေးခြင်းအားဖြင့် ရေတိုင်ကီနှင့် အစိတ်အပိုင်းများအား အကောင်းဆုံး ကာကွယ်ပေးနိုင်ပါမည်။
သုံးစွဲရန် အညွှန်း
၁။ လက်ရှိ အသုံးပြုနေသော အအေးပေးသည့် အရည်ကို ဖောက်ထုတ်လိုက်၍ ရေတိုင်ကီအတွင်း သန့်ရှင်းရေး ပြုလုပ်ပေးပါ။
၂။ ဤ အအေးပေးသည့် အရည်အား ပမာဏ တစ်ခုသတ်မှတ်၍ လောင်းထည့်ပေးပါ။ ထို့နောက် ရေအား ရေမျက်နှာပြင်မြင် ရသည်အထိ လောင်း ထည့်ပေးပါ။ ထို့နောက် အင်ဂျင် အား ငါးမိနစ်ခန့် စက်နှိုးပေးထားပါ။ အကယ်၍ အရည်မျက်နှာပြင် ကျဆင်းသွားပါက ရေထပ်ထည့်ပေး၍ ရေပိုဆင်းသည့် ပိုက် အောက် ၃ စင်တီမီတာ (၁.၃ လက်မ) လောက်အထိ ရေမျက်နှာပြင် အားထားရှိပေးထားပါ။ ရေမျက်နှာပြင် ပြောင်းလဲနေခြင်းအား သေသေချာချာ လေ့လာစောင့်ကြည့်ရန်လိုသည်မှာ အအေးခံသည့် အရည်သည် အပူချိန် မြင့်တက်လာသည်နှင့်အမျှ ဖောင်းပွလာတတ်ခြင်းကြောင့်ဖြစ်ပါသည်။
© 2017-2023 Steadfast Trading Co., Ltd (Apex Auto Body Shop). All Rights Reserved.