RUBBERIZED UNDERCOAT

ဤ ထုတ်ကုန်အား သံချေးဒဏ်ကာကွယ်ရန် နှင့် သံချေးစားခြင်း မရှိစေရန် လုပ်ဆောင်ချက်အတွက် အထူးအသုံးပြုရခြင်းဖြစ်ပါသည်။ ရော်ဘာ အား အလုံးစုံ ကာကွယ်ပေးနိုင်ရန် အတွက် အထူး အကာအကွယ် အမြှေးပါး တစ်ထပ်ကို လျင်မြန်ထိရောက်စွာ ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ပြင် မော်တော်ယာဉ်၏ အောက်ခြေတွင်ရှိသော သတ္တုများအားလည်း ရေငွေ့တိုက်စားခြင်း ၊ ခဲများလွင့်စင်လာခြင်းကြောင့် ပျက်စီးခြင်း နှင့် ဆူညံသံများ ထွက်ပေါ်ခြင်းတို့မှ ကောင်းမွန်စွာဖြင့် လျှော့ချပေးနိုင်ပါသည်။ မော်တော်ယာဉ်၏ အောက်ပိုင်းများ၊ နောက်ခန်း၊ သဲကာပြားများ နှင့် ဘီး၏ အဝိုင်းပေါက်များ အစရှိသည့် နေရာများနှင့် အထူးသင့်တော်သော ကုန်ပစ္စည်းဖြစ်ပါသည်။ မော်တော်ယာဉ်ထုတ်လုပ်သည့် စက်ရုံများအားလုံး၏ ကျွမ်းကျင်ပညာရှင်များ၏ လိုအပ်သည့် အရည်အသွေးများကို ပြည့်မီနိုင်သော ကုန်ပစ္စည်းလည်းဖြစ်ပါသည်။

သုံးစွဲရန် အညွှန်း
၁။ ဆေးပက်ဖြန်းမည့် မျက်နှာပြင်အား ခြောက်သွေ့၍ သန့်ရှင်းနေစေရန် လုပ်ဆောင်ပါ။ ဆေးပက်ဖြန်းမည့် မျက်နှာပြင်သည် ခြောက်သွေ့နေပြီး သန့်ရှင်းနေ၍ ဖုန်မှုန့်၊ ဆီ နှင့် ဆီချေးများ မကပ်ငြိနေစေရန် သေချာအောင်စစ်ဆေးပါ။ ဆေးမပက်ဖြန်းမည့် နေရာများကို အကာအကွယ် ပြုလုပ်ထားရှိရပါမည်။
၂။ အသုံးပြုနေစဉ်နှင့် အသုံးမပြုမီတွင် ကုန်ပစ္စည်းအား သေသေချာချာ လှုပ်ထားပေးပါ။
၃။ စမ်းသပ်ပက်ဖြန်းကြည့်ရန် အတွက် ပေါ်လွင်ခြင်းမရှိသော အစိတ်အပိုင်း သို့မဟုတ် လွှင့်ပစ်မည့် ပစ္စည်းတစ်ခုခုတွင် အစမ်း ပက်ဖြန်းကြည့်ပေးပါ။
၎။ မျက်နှာပြင်မှ အကွာအဝေး ၂၀-၄၀ စင်တီမီတာတွင် ထားရှိ၍ ကုန်ပစ္စည်းအား သေသေချာချာ ထက်အောက် ပက်ဖြန်းပေးရပါမည်။ မှားယွင်းစွာ ပက်ဖြန်းမိသည့် အစိတ်အပိုင်းများအတွက် ရေနံဆီ (ကီရိုဆင်း) သို့မဟုတ် အငွေ့ပြန်လွယ်သော အရည် တစ်ခုခု ဆွတ်ထားသည့် ပိတ်စနှင့် ချက်ချင်း ပြန်လည် သန့်ရှင်းရေးလုပ်ပေးရမည်။
၅။ ကုန်ပစ္စည်းအား အသုံးပြုပြီး၍ ကျန်သည့် ဆေးများကို ပက်ဖြန်းခြင်း မပြုလုပ်နိုင်သည့် အချိန်တွင် နော်ဇယ်ခေါင်းအား ကြိုးစားဖိပေး၍ ဘူးကို လှည့်ပေးပါ။ ထိုအခါတွင် အရာဝတ္တုပစ္စည်းများကို ထပ်မံ ပက်ဖြန်းနိုင်ပါလိမ့်မည်။
၆။ အသုံးပြုပြီးသည့်အခါတွင် နော်ဇယ်ခေါင်းကို သန့်ရှင်းရေးလုပ်ပေးပါ။ သန့်စင်သည့် ဓာတ်ငွေ့ပက်ဖြန်းနိုင်သည်အထိ ဘူးအား ကုန်အောင် ပြုလုပ်ပေးပါ။
၇။ အသုံးပြုသည့် အပူချိန် အနိမ့်အမြင့်ကို လိုက်၍ ၄-၆ နာရီအကြားဆေးအား အခြောက်ခံထား နိုင်ပါသည်။