Rubbing Compound တွင်မြင့်မားသော အဆင့်မြင့်နည်းပညာနှင့် အကောင်းဆုံး ကုန်ကြမ်း ပစ္စည်းများကိုပါဝင် ပေါင်းစပ် ထုတ်လုပ်ထားသော ကုန်ပစ္စည်းဖြစ်၍ ဆေးမှုတ်ထားသော မျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်နေသော ချွတ်ယွင်းချက်များကို လျင်မြန်စွာ၊ ဘေးကင်းလုံခြုံစွာဖြင့် ဖယ်ရှား ပစ်လိုက်နိုင်သည်။ ဆေးမျက်နှာပြင် ပွန်းသည့်ဒဏ်ရာအသေးစားများနှင့် သံချေးတက်ခြင်းများကို အထူးအားဖြင့် ဖယ်ရှားနိုင်ပါသည်။ ထိုကြောင့် ပိုမို၍ လုံခြုံစိတ်ချစွာ အသုံးပြုနိုင်ပြီး ကောင်းမွန်ထင်ရှားသည့် ရလာဒ်ကိုလည်းထူးခြားစွာ ရရှိနိုင်မည်ဖြစ်သည်။
အသုံးပြုနည်း လမ်းညွှန်
ကုန်ပစ္စည်းအား အသုံးမပြုမီတွင် ဆေးမှုတ်ထားသော မျက်နှာပြင်မှာ သန့်ရှင်း၍ အေးမြနေစေရမည်။ အသုံးမပြုမီ ကောင်းမွန်စွာ လှုပ်ပေးပါ။လည်ပတ်၍ အရောင်တင်ရသည့် စက်အား အသုံးပြု၍ ဖိတိုက်ရသည့်အခါတွင် ရေအနည်းငယ်အား ဆေးမှုတ်ထားသည့် မျက်နှာပြင်ပေါ်သို့ ဖြန်းပက်ပေးပါ။ သို့မှသာ ဖိကြိတ်နေရသည့် အပြားနှင့် ဆေးမျက်နှာပြင်ကြားတွင် ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသော အပူရှိန်ကို လျှော့ချပေးနိုင်မည်ဖြစ်သည်။ လည်ပတ်နေသော အရှိန်အားလည်း ၁၅၀၀ မှ ၂၀၀၀ အကြားတွင်သာ ထားရှိပေးပါ။
© 2017-2023 Steadfast Trading Co., Ltd (Apex Auto Body Shop). All Rights Reserved.