Body Repair

လူကြီးမင်းတို့၏ ကားများအား မတော်တဆထိခိုက်ခြင်းမှ ဖြစ်ပေါ်လာသော ပိန်ခြင်း၊ ချိုင့်ဝင်သွားခြင်း၊ ဘော်ဒီဖရိန် ကွေးခြင်း ကောက်ခြင်း၊ ဆေးထိသွားခြင်းတို့ကို နဂိုမူလအတိုင်း ပြန်ဖြစ် ပေါ်လာစေရန်အတွက် ဆောင်ရွက်ပေးလျှက်ရှိပါသည်။

Body Repairing လုပ်ငန်းကို အောက်ပါအတိုင်းဝန်ဆောင်မှုပေးလျှက်ရှိပါသည်။

ဘန်ဘာများထိခိုက်ပျက်စီးခြင်း၊ ကြိုးကြေခြင်း၊ ကွဲအက်ခြင်းများကို နဂိုမူလအတိုင်း ဖြစ်အောင် ပြုပြင်ဆောင်ရွက်ပေးခြင်း။

မတော်တဆထိခိုက်မှုကြောင့် ပျက်စီးသွားသောနေရာများကို ဖြတ်တောက်ခြင်း ခွဲခြင်းများ လုံးဝမပြုလုပ်ဘဲ ခေတ်မှီစက်ကရိယာများကိုသာ အသုံးပြု၍ အကောင်းတိုင်းဖြစ်အောင် ဆောင်ရွက်ပေးခြင်း။

ဘော်ဒီမထိခိုက်စေရန်အတွက် သေးငယ်သော အပိန်အချိုင့်များကို မလိုအပ်လျှင် မထုမရိုက် ဘဲ လေစုပ်ခွက်ဖြင့် နဂိုမူလအတိုင်းပြန်ဖြစ်စေပြီး ပတ်တီးထည့်ရာတွင်လည်း အကောင်းဆုံးနှင့် အနည်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးပါသည်။

Aluminium သတ္တုဖြင့်ပြုလုပ်ထားသည့် ဥရောပနိုင်ငံထုတ် ကားဘော်ဒီများကို ပြုပြင်ရာတွင် အထူးသီးသန့် Aluminium Welding Mechine များကိုအသုံးပြု၍ ဝန်ဆောင်မှုပေးနေပါသည်။