Car Wash & Detailing Services

ကျွန်တော်တို့ Apex Auto Body Shop ၌ ရေဆေးရာတွင် ခေတ်မှီ Nozzle Pump များကိုသာ အသုံးပြုထား သောကြောင့် အချိန်ကုန်သက်သာပြီး ကား၏အောက်ပိုင်း အညစ်အကြေးများကို ရေအားကောင်းကောင်းဖြင့် အမြန်ဆုံးဖယ်ရှား ပေးနိုင်ပါသည်။

Car Wash သုံးရာတွင် ကမ္ဘာကျော် အမှတ်တံဆိပ်ဖြစ်သော အမေရိကန်နိုင်ငံထုတ်ဖြစ်သည့် Mother’s Car Wash ကိုသာအသုံးပြုထားသောကြောင့် မူလဆေးသားကို မထိခိုက်စေဘဲ သန့်စင်စေသည့် အဆင့်မြင့်နည်းပည်ာသုံးဖြစ်ကြောင်း အာမခံပါ သည်။

Polish နှင့် ဖယောင်းတင်ရာတွင်လည်း အဆင့်ဆင့်အသုံးပြုထားသောကြောင့် တခြား Car Care Products များကဲ့သို့ ဘေးထွက်ဆိုးကျိုးများမရှိဘဲ မူလဆေးသားကို ပကတိအတိုင်း ရှိနေစေပြီး အပေါ်ယံအစင်း ကြောင်းများကို ပျောက်စေခြင်း၊ အစင်းကြောင်းများအတွင်း၌ရှိသော ဖုန်မှုန့်၊ သဲမှုန့်များကို သန့်စင်စေခြင်း၊ ကားဘော်ဒီတွင် ကပ်နေသော ကတ္တရာစေးများကို ဖယ်ရှားပေးခြင်း၊ သင့်ကား၏ ဆေးသားကို  အသစ်ကဲ့သို့ သစ်လွင်တောက်ပနေစေခြင်း မီးခွက်၊ တာယာစသည်တို့ကို သန့်စင်ရာတွင်လည်း ပြင်းထန်သည့်  Chemical များအသုံးမပြုထားခြင်းကြောင့် သင်၏ကားကို ဘေးထွက်ဆိုးကျိုးများမှ ကင်းဝေးစေရန် အာမခံပါ သည်။