Painting

လူကြီးမင်းတို့၏ ကားများအား မတော်တဆထိခိုက်ခြင်းမှ ဖြစ်ပေါ်လာသော ပိန်ခြင်း၊ ချိုင့်ဝင်သွားခြင်း၊ ဘော်ဒီဖရိန် ကွေးခြင်း ကောက်ခြင်း၊ ဆေးထိသွားခြင်းတို့ကို နဂိုမူလအတိုင်း ပြန်ဖြစ် ပေါ်လာစေရန်အတွက် ဆောင်ရွက်ပေးလျှက်ရှိပါသည်။

ဆေးမှုတ်ရာတွင် တစ်စီးလုံးဖြစ်စေ Touching ဖြစ်စေ Original ဆေးသား Quality အတိုင်းဖြစ်စေ ရန်အာမခံဖြင့်ဆောင်ရွက်ပေးနေပါသည်။ အမေရိကန်နှင့် နယ်သာလန်နိုင်ငံထုတ် အကောင်းဆုံး နည်းပညာသုံးအရည်အသွေးမြင့်ပတ်တီး၊ ခံဆေး၊ ချုပ်ဆေး၊ Base Coat၊ High Solid Clear ဆေးများကို အသုံးပြုထားပါသည်။ အကောင်းစားဆေးမှုတ် Gun များကိုသာ အသုံးပြုထားသောကြောင့် ဆေးမှုတ်ရာတွင် ဆေးသားကိုချောမွေ့ညီညာစေပါသည်။

ပတ်တီးထည့် ကော်ပတ်စားရာတွင်လည်း Dry Type (waterless) နည်းစနစ်ကိုသာ အသုံးပြု ထားသောကြောင့် ရေမှုန့်၊ရေငွေ့များ ပတ်တီးအတွင်းသို့ ခိုအောင်း မနေနိုင်သည့်အတွက် ဆေးသား အောက်တွင် ဖြစ်ပေါ်တတ်သော ရေဖုထခြင်း၊ ဆေးသားအက်ကွဲခြင်းတို့ကို လုံးဝမဖြစ်ပေါ်စေနိုင်ပါ။

ဆေးမှုတ်ရာတွင်လည်း သီးသန့်ဆေးပေါင်းခန်းအတွင်း၌ ဆေးမှုတ်ခြင်းကြောင့် မလိုလားအပ်သည့် ဆိုးကျိုးများ ဖြစ်သော ပတ်ဝန်းကျင် လေထုထဲမှ ၊ဖုန်မှုန့်များ၊ ရေခိုးရေငွေ့များရန် မှကင်းဝေးစေပါသည်။လိုအပ်သည့်အပူချိန် (burner/infrared Light) တို့ကို အသုံးပြု၍ ဆေးပေါင်း တင်ပေခြင်းကြောင့် ဆေးသားအတွင်ပိုင်းထိ ညက်ညော၍ ပိုမိုဆေးသားတောက်ပြောင်လှပစေ ပါသည်။

ဆေးစပ်ခန်းပါ တစ်ပါတည်းထားရှိပေးခြင်းကြောင့် ဆေးသားအရောင်ကို Original Colour Code အတိုင်းဖြစ်စေ၊ လက်ရှိ Colourအတိုင်းဖြစ်စေ လိုအပ်သည့် အရောင်ကို တစ်ထပ်တည်း လွယ်ကူစွာဖန်တီးယူနိုင်ပါသည်။

ဆေးပေါင်းခန်းလေးခန်းရှိခြင်းကြောင့် ကားလေးစီးတစ်ပြိုင်နက်တည်း ဝန်ဆောင်မှုပေးနိုင်ပါသည်။

အထက်ပါဝန်ဆောင်မှုများကို တစ်နှစ်အာမခံဖြင့် ဆောင်ရွက်ပေးနေပါသည်။