AIR CONDITIONER CLEANER

သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းမည့် ဖော်စပ်နည်းဖြင့် ထုတ်လုပ်ထားရှိကာ သဘာဝ ပစ္စည်းများဖြင့်သာ စီမံဖော်စပ်ထားပါသည်။ မော်တော်ယာဉ်၏ လေအေးပေးစက် စနစ်အား ဖယ်ရှားခြင်း ပြုလုပ်ရန်မလိုပဲ ကုန်ပစ္စည်းအား တိုက်ရိုက် အသုံးပြုလို့ရပါသည်။ လူ့ခန္ဓာကိုယ်အတွက် အန္တရာယ်မရှိသော ကုန်စည်ဖြင့်သာ ထုတ်လုပ်ထား၍ ဘက်တီးရီးယားများ နှင့် အနံ့ဆိုးများကိုလည်း အလျင်အမြန်နှင့် ထိထိရောက်ရောက် ပယ်ရှားပေးနိုင်ပါသည်။ လေအေးပေးစက်၏ အတွင်းပိုင်းထဲအထိ စွမ်းအားပြည့် အမြှုပ်များက စိမ့်ဝင်နိုင်ပါသည်။ ထို့ကြောင့် လေအေးပေးစက်အတွင်းရှိ အမှိုက်များ၊ ဆီချေးများ၊ ကြမ်းပိုး၊ သစ်ရွက်ခြောက်နှင့် အခြားသော အထွေထွေပစ္စည်းများကို ဖယ်ရှားရှင်းလင်းပစ်နိုင်ပါသည်။ တစ်ချိန်တည်းတွင် ပိုးမွှားများကို သေစေနိုင်၍ အနံ့ဆိုးများကိုလည်း ဖယ်ရှားနိုင်ကာ ပိုးမွှားများ ကြာရှည်စွာ ပေါက်ဖွားနေခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါသည်။ သန့်ရှင်းအေးမြနေစေမှုကို ပြန်လည် ရရှိနိုင်သော စွမ်းအင်သတ္တိရှိ၍ လေအေးပေးစက်ကြောင့် အပူချိန်ထွက်လာခြင်းမှလည်း သက်သာမှုရစေပါသည်။ စွမ်းအင်ကို ချွေတာပေး၍ လေအေးပေးစက်၏ သက်တမ်းကိုလည်း တိုးမြင့်စေနိုင်ပါသည်။
သုံးစွဲရန် အညွှန်း
၁။ ပြင်ပလေဝင်ပေါက်အား ရှာဖွေပါ။ လေအေးပေးစက်အား အမြင့်ဆုံးအဆင့်ထား၍ ဖွင့်ပါ။ ထို့နောက် အပြင်လေဝင်ရောက်မှု သို့ ရောက်အောင် ချိန်ညှိထားပေးပါ။
၂။ သန့်ရှင်းရေးပစ္စည်းအား လှုပ်ထားပေးပါ။ ထို့နောက် ပြင်ပလေဝင်ပေါက် အတွင်းသို့ ပက်ဖြန်းပေးပါ။
၃။ လေအေးပေးစက်အား ၃-၅ မိနစ်အထိ ပိတ်ထားပေးပါ။
၎။ လေအေးပေးစက်အား ဖွင့်ထားပါ။ အညစ်အကြေးများသည် ပြင်ပလေထွက်ပေါက်မှ အလိုလျောက် စွန့်ထုတ်လိုက်ပါလိမ့်မည်။