လေသန့်စင်ဆေးမှာ နောက်ဆုံးပေါ် ခေတ်မီ လေသန့်စင်ပေးသည့် နည်းစနစ်များကို အသုံးပြုထားပြီး အနံဆိုးများကို ပျောက်ကင်းစေရန် ဖော်စပ်ထုတ်လုပ်ထားခြင်းဖြစ်ကာ ကမ္ဘာ့အကောင်းဆုံး အသစ်လွင်ဆုံးသော ပန်းရနံ့များဖြင့် ပေါင်းစပ်ထုတ်လုပ်ထားခြင်းလည်း ဖြစ်ပါသည်။ လျင်မြန်ထိရောက်စွာ အနံ့ဆိုးများ၊ မီးခိုးများကို ပယ်ရှားပစ်နိုင်ပြီး အခန်းတွင်း သင်းပျံ့သော ရနံ့ကို ရရှိစေကာ သုံးစွဲသူ၏ ကျန်းမာရေးကိုလည်း အမြင့်ဆုံးအထောက်အကူ ပြုကာကွယ်နိုင်စေရန် အထူးထုတ်လုပ်ထားရှိပါသည်။ မိသားစုသုံး၊ ရုံးသုံး၊ ဟိုတယ်၊ မီးဖိုချောင်၊ အိမ်သာနှင့် အပန်းဖြေနေရာများ၊ ကား၊ ရထားနှင့် သင်္ဘောများ အစရှိသဖြင့် အသုံးပြုနိုင်သော ပစ္စည်းလည်းဖြစ်ပါသည်။
သုံးစွဲရန် အညွှန်း
၁။ အသုံးမပြုမီ အချိန်တိုင်းတွင် ကောင်းမွန်စွာ လှုပ်ထားပေးပါ။
၂။ ဘူးအားအပေါ်သို့ တည့်မတ်စွာထောင်ထား၍ အခန်းတွင်းနေရာများကို ပက်ဖြန်းစေရန် ခလုတ်ကို ဖိပေးပါ။ လူများထံသို့ ပက်ဖြန်းခြင်းမျိုး မလုပ်ရ။
၃။ ပိုမိုထိရောက်သော အကျိုးရလာဒ်ကို ရရှိလိုပါက အခန်းတံခါးနှင့် ပြတင်းပေါက်များကို ပိတ်ထား၍ ၃ စက္ကန့်မှ ၅ စက္ကန့်အထိ ပက်ဖြန်းနိုင်ပါသည်။
၎။ အနံ့မခံနိုင်သော ရင်ကြပ်တတ်သော သူများအနေဖြင့် အခန်းတံခါးအလုံမပိတ်မီတွင် ထွက်ခွာသွားပေးရန် လိုအပ်မည်ဖြစ်ပါသည်။
© 2017-2023 Steadfast Trading Co., Ltd (Apex Auto Body Shop). All Rights Reserved.