MOTHERS

CALIFORNIA GOLD CAR WASH

# 05600, 16 oz. / # 05632, 32 oz. / #05664, 64 oz.

သန့်စင်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှုတို့ကို ဘက်ညီစေရန် ဖန်တီးထားသည့် ဤကားဆေးကြောရည်ဖြင့် ဖယောင်းအား မထိခိုက်စေပဲ ကားကို အပြည့်အ၀ဆေးကြောသန့်စင်နိုင်သည်။ သာမန်ဆပ်ပြာရည်နှင့် ပန်ကန်ဆေးဆပ်ပြာတို့သည် ထိခိုက်စေသည်။ အားကောင်းသည့် ဤဆေးကြောရည်သည် ဖုန်၊ ပိုမွှား၊ ငှက်ချေးများနှင့် အခြားအညစ်အကြေးများကို ဖယောင်းနှင့်ဆေးသားတို့ကို မထိခိုက်စေပဲ ဖယ်ရှားပေးသည့် အပြင် ရေကွက်၊ ရေပြောက်များ မဖြစ်ပေါ်အောင် တာဆီးပေးသည်။

CALFORNIA GOLD BRAZILIAN CARNAUBA CLEANER WAX

# 05701, 16 oz. အရည် / # 05500, 12 oz. အပျစ်

Mothers ၏ Brazilian Carnauba Cleaner Wax သန့်စင်ပေးသည့် ဖယောင်းကို ဆေးသားရေရှည်ခံရေး   အတွက် တစ်ဆင့်တည်းဆောင်ရွက်နိုင်ရန် တီထွင်ထားခြင်းဖြစ်ပါသည်။ ၄င်းကို တစ်ကြိမ်အသုံးပြုရုံဖြင့်   သန့်စင်ပေးပြီး ကာကွယ်ပေးရန်ဖန်တီးထားသည်။

Pure Brazilian Carnauba Wax အတွက် အသုံးပြုသည့် ဘရာဇီးနိုင်ငံ၏ အကောင်းဆုံး အ၀ါရောင်ကာနာဘူးဝါအဆီကိုပင် အသုံးပြုထားပြီး ၄င်းကို အပျော့စား  ပေါလစ်တစ်မျိုးနှင့် ရောစပ်ထားသည့်အတွက် အသေးအဖွဲအားနည်းချက်များကို ပြေပျစ်သွားစေပြီး ဆေးသား ကို တလက်လက်တောက်ပစေသည်။ ၄င်းသည် အထူးသဖြင့် ဖိုင်ဘာဂလပ်စ်နှင့် ဂျဲလ်အလွှာများတွင် အထူး    ထိရောက်မှုရှိသည်။

CALIFORNIA GOLD CLAY BAR SYSTEM

# 07240

၈၀ ဂရမ်ရှိရွှံ့ခဲနှစ်ခဲ၊

၁၆ အောင်စရှိ Showtime Instant Detiler၊

၁၅ ပတ်လည်ရှိ Microfiber Towel တို့ပါဝင်သည်။

ဆေးကြောခြင်း၊ ပေါလစ်တိုက်ခြင်းတို့ဖြင့် မဖယ်ရှားနိုင်သည့် အလွန်သေးငယ်သည့် အမှိုက်သရိုက်များနှင့် ညစ်ညမ်းစေသည့် အရာများကို ဖယ်ရှားရန် ဖန်တီးထုတ်လုပ်ထားသေနစ်ဖြစ်သည့် ဤရွှံ့ခဲများသည်     နစ်မြုပ်ဝင်နေသည့် သတ္တုအမှုန်များ၊ သစ်စေးများ၊ လေတွင်ပါလာသည့် ပတ်ဝန်ကျင်မှ ပို့ချအမှိုက်များနှင့်  မှုတ်ဆေးစွန်းပေမှုများးကို ဖယ်ရှားပေးသည်။ အားစိုက်အသုံးပြုရန် မလိုသည့်အပြင် ဆေးသားကို ထိခိုက် ခြင်းမရှိစေပဲ အညစ်အကြေးကိုသာ ရွေးချယ်ဖယ်ရှားပေးသည်။

CALIFORNIA GOLD CARNAUBA WASH & WAX

# 05674, 64 oz.

Mothers ၏ Carnauba ဆေးကြောဖယောင်းတင်ဆေးသည် သင့်ကား၏ဆေးသားကို သန့်စင်စေရန်၊ တောက်ပစေရန်နှင့် ကာကွယ်ပေးရန် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်သည်။ ပုံမှန်ဖယောင်းတင်ခြင်း  များအကြား ၄င်းကိုအသုံးပြုခြင်းဖြင့် စွဲကပ်နေသည့် ဖုန်နှင့်အညစ်အကြေးများကို ဖယ်ရှာပေးပြီး လက်ရှိ    ဖယောင်းကို အထောက်အကူပေးသည်။ စွမ်းအားကောင်းပြီး အမြှုပ်ထွက်ကာ pH မျှတသည့် ဤဖယောင်း သည် ပတ်ဝန်းကျင်ကိုမထိခိုက်စေပဲ အလွယ်တကူ ရေဆေးချနိုင်သည်။

FOAMING WHEEL & TIRE CLEANER

#05924,24 oz.

Mothers ၏ ဘီးနှင့် တာယာသန့်စင်ဆေးရည်သည် အက်ဆစ်ဓာတ်မပါဝင်သော အမြှုပ်ထွက် သည့်ဆေးဖြစ်ပြီး ဘီးနှင့်တာယာများကို လွယ်ကူလျင်မြန်စွာ သန့်စင်ပေးရန် ဖန်တီးထုတ် လုပ်ထားသည်။ ဆေးအကြည် (သို့) ဆေးသုတ်ထားသော၊ ခရုမ်းနှင့် PVD အမျိုးအစားများ အပါအဝင် မူလဘီးများနှင့် ဘီးဖုံးများအတွက် စိတ်ချစွာအသုံးပြုနိုင်သည်။ ပက်ဖျန်း  ရန်ပုံစံထုတ်ထားသည့် ဤဆေးရည်သည် ဘရိတ်မှုန်များ၊ ချောဆီ၊ ဖုန်မှုန့်များနှင့် အညစ်အကြေးများ ကို ဖောက်ထွင်းပျော်ဝင်စေကာ ဖယ်ရှားပေးပြီး ရေဖြင့်ဆေးကြောရန် လွယ်ကူသည်။ (သတိ။ အလူမီနီယမ်ဘီးများနှင့် ဆိုင်ကယ်ဘီးများတွင် အသုံးမပြုပါနှင့်။)

BACK-TO-BLACK TIRE SHINE

#06924,24 oz.

Mothers ၏ Back-to-Black တာယာတောက်ပြောင်ဆေးသည် အရောင်းပြခန်းအရည်အသွေးကို ထိန်းသိမ်းထားနိုင်စေပြီး ရေရှည်ခံမှုနှင့် ကာကွယ်ထိန်းသိမ်းပေးမှုတို့ကို တစ်ပြိုင်နက် ရရှိစေသည်။

အောင်မြင်မှုနှင့် လက်ခံယုံကြည်မှု ရရှိပြီးဖြစ်သည့်  Back-to-Black မျက်နှာပြင်ထိန်းသိမ်းစောင့်ရှောက်ရေးနည်းပညာကို အသုံးပြုထုတ်လုပ်ထားသည့် ဤတာယာတောက်ပြောင်ဆေးသည် သင့်တာယာများကို ပိုမိုကြာရှည်စွာနှင့် ပိုမိုနက်မှောင်၊တောက် ပြောင်အောင် ထိန်းသိမ်းပေးထားသည်။

PRO-STRENGTH CHROME WHEEL CLEANER

#05824,24 oz.

Mothers၏ ခရုမ်းဘီးသန့်စင်ဆေးရည်ကို ခရုမ်းဘီးများ၊ခရုမ်းဘီးဖုံးများနှင့် အမာစားအလူမီနီယမ် mag wheel များကို လွယ်ကူလျင်မြန်စွာ သန့်စင်ပေးရန် စီမံထုတ်လုပ်ထားသည်။ ပက်ဖျန်း  ရန်ပုံစံထုတ်ထားသည့် ဤဆေးရည်သည် ဘရိတ်မှုန်များ၊ ချောဆီ၊ ဖုန်မှုန့်များနှင့် အညစ်အကြေးများ ကို ဖောက်ထွင်းပျော်ဝင်စေကာ ဖယ်ရှားပေးပြီး ရေဖြင့်ဆေးကြောရန် လွယ်ကူသည်။

POLISHED ALUMINUM WHEEL CLEANER

#06024,24 oz.

Mothers ၏ အလူမီနီယမ်ဘီးသန့်စင်ဆေးကို ဆေးမသုတ်ထားသည့် ပေါလစ်တိုက်ထားသော အလူမီ နီယမ်နှင့် သတ္တုရည်စိမ်ထားသော ဘီးများကို လုံခြုံလွယ်ကူစွာသန့်စင်နိုင်စေရန် ဖန်တီးထုတ်လုပ်ထားသည်။ အလူမီနီယမ်သာမက ဆေးသုတ်ထားသော ခရုမ်းဖြင့် ပြုလုပ်ထားသော  စက်ရုံမှ ဆေးတင်ပေးလိုက်သောဘီးများနှင့် ဘီးဖုံးများအတွက်လည်း အသုံးပြုနိုင်ပါသည်။ ပက်ဖျန်း  ရန်ပုံစံထုတ်ထားသည့် ဤဆေးရည်သည် ဘရိတ်မှုန်များ၊ ချောဆီ၊ ဖုန်မှုန့်များနှင့် အညစ်အကြေးများ ကို ဖောက်ထွင်းပျော်ဝင်စေကာ ဖယ်ရှားပေးပြီး ရေဖြင့်ဆေးကြောရန် လွယ်ကူသည်။

LEATHERTECH MOISTURE INFUSION GEL CREAM

#06310,7 oz.

Mothers ၏ စိုထိုင်းဆဖန်တီးပေးသည့် သားရေထိန်းသိမ်းသည့်ဆေးသည် သမားရိုးကျနည်းလမ်းများထက် သာလွန်ပြီး သင့်သားရေမျက်နှာပြင်ကို လွယ်ကူသည့် အဆင့်တစ်ခုတည်းဖြင့် ကြံ့ခိုင်စေကာ ကာကွယ်ပေးသည်။

အလွှာလိုက်ရေဓာတ်ဖြည့်တင်းပေးပြီး အိုဟောင်းပျက်စီးမှုကိုလည်း ကာကွယ်ပေးသည်။အကောင်းဆုံးအားဆေးများက အပူဒဏ်နှင့် နေရောင်ကြောင့်ဆုံးရှုံးသွားသည့် သဘာဝအဆီဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး အဆင့်မြင့် စိုထိုင်းဆထိန်းသိမ်းမှုက သားရေကြာ ရှည်ခံစေရန် ထိန်းသိမ်းပေးသည့်အပြင် အရောင်မှိန်၊ခြောက်သွေ့၊ အက်ကွဲခြင်းတို့မှ ကာကွယ်ပေးသည်။

LEATHERTECH FOAMING WASH

#06410,8 oz.

ဤသားရေသန့်စင်အမြှုပ်သည် ကာလာကြာရှည်ပစ်ထားသည့် သားရေအချောထည်နှင့် ဗီနိုင်းမျက်နှာပြင်များတွင် စွဲထင်နေသည့် အစွန်းအထင်းများကိုပင် အကြွင်းမဲ့သန့်စင်စေနိုင်သည်။ အထူးဖော်စပ်ထားပြီး အလှဆီပါဝင်သည့် ဤသန့်စင်ဆေးသည် စိုထိုင်းဆကို အမျှတဆုံးဖြစ်ရန်   ထိန်းသိမ်းပေးထားပြီး ဖုန်နှင့်အမှိုက်များကို ပျော်ဝင်စေခြင်းဖြင့် အစွမ်းကုန်သန့်ရှင်းစင်ကြယ်စေသည်။