DE-RUST LUBRICANT

စီလီကွန်အား အထူး စီမံ၍ ပေါင်းစပ်ထည့်သွင်းထားပါသည်။ သံချေးမတက်စေဘဲ နှင့် ချောဆီ အဖြစ် လုပ်ဆောင်ပေးကာ သတ္တုမျက်နှာပြင်ပေါ်တွင် အမြှုပ် အလွှာပါးကဲ့သို့ အကာအကွယ် အမြှေးပါးတစ်ထပ် ဖြစ်နေစေပါသည်။ သို့မှသာ မျက်နှာပြင်ချင်း ထိတွေ့မှုကို ကာကွယ်ပေးနိုင်၍ လေနှင့် စိုထိုင်းဆကို ထိန်းသိမ်းပေးနိုင်မည်ဖြစ်သည်။ သို့မှသာ မျက်နှာပြင်အား သံချေးတက်ခြင်း နှင့် အောက်ဆီဂျင်နှင့် ဓာတ်ပြုခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။ အဓိကအားဖြင့် တိတိကျကျဖြင့် လုပ်ဆာင်ရသည့် အစိတ်အပိုင်းများကို အကာအကွယ်ဖြစ်စေရန် ကျယ်ပြန့်စွာ အသုံးပြုနိုင်ပြီး လျှပ်စစ်ဆိုင်ရာ တပ်ဆင်ထားသည့် ပစ္စည်းများ၏ မျက်နှာပြင်များ၊ သံနှင့် စတီးလ် အစိတ်အပိုင်းများ အစရှိသဖြင့် အလွန် သိမ်သိမ်မွေ့မွေ့ရှိသော အစိတ်အပိုင်းများကို ကာကွယ်ရာတွင် အသုံးပြုနိုင်သည်။ မြင့်မားသည့် စိမ့်ဝင်ပျံ့နှံ့မှု ရှိသဖြင့် စက်များကို ထိန်းသိမ်းခြင်း၊ အမြှောက်တင့်ကား လက်နက်ကြီးများ၊ လျှပ်စစ် ပစ္စည်းများ နှင့် တိတိကျကျလုပ်ဆောင်ခြင်း ပြုလုပ်ရသည့် ကိရိယာများတွင် အသုံးပြုလေ့ရှိပါသည်။ ကုလားထိုင်များ တကျွီကျွီမြည်ခြင်းကို ရပ်တန့်ပေးနိုင်ကာ၊ တံခါးပတ္တာများ၊ သတ္တု တံခါး နှင့် မော်တော်ယာဉ် အစိတ်အပိုင်းများ စသည်တို့အား တစ်ချိန်တည်းတွင် စိုထိုင်းဆကို လျှော့ချပေး၍ မျက်နှာပြင်များတွင် သံချေးတက်ခြင်းမှ ကာကွယ်ကာ ကောင်းမွန်သည့် ချောဆီ၏ လုပ်ဆောင်ပေးမှုများကို ရရှိစေပါသည်။

သုံးစွဲရန် အညွှန်း
၁။ သုတ်ဆေး၊ မှုတ်ဆေးများပေါ်သို့ ပက်ဖြန်းခြင်း၊ စုတ်တံဖြင့် သုတ်ထားသော ဆေးများ နှင့် ဆေးစိမ်၍ သုတ်ထားသော ဆေးများအားလုံးအတွက် ဤ ထုတ်ကုန်ကို အသုံးပြုနိုင်ပါသည်။
၂။ အနည်းငယ်မျှသော သံချေးများ – သတ္တုမျက်နှာပြင်ပေါ်သို့ ပက်ဖြန်းပေးထား၍ ဘရက်ရှ်နှင့် ဖိတိုက်ချလိုက်ပါ။ ရေသန့်နှင့် ၁၀-၁၅ မိနစ်ခန့် ဆေးကြောသန့်စင်ပေးပါ။
၃။ အလယ်အလတ်အဆင့် သံချေးများ – သတ္တုမျက်နှာပြင်ပေါ်သို့ ပက်ဖြန်းပေးပါ။ ယင်းသတ္တုမျက်နှာပြင်ပေါ်တွင် ဆေးရည် ရှိနေသည့် အချိန်ကို ကြာနိုင်သမျှ ကြာမြင့်နေပါစေ။ ထို့နောက် သုတ်ပစ်ခြင်း သို့မဟုတ် သံချေးလျော့နည်းအောင်လုပ်ဆောင်ခြင်း များကိုလည်း လုပ်ဆောင်နိုင်ပါသည်။ သန့်ရှင်းသည့် ရေဖြင့် ဆေးကြေားခြင်းဖြင့် ပိုမိုကောင်းမွန်သော ရလဒ်ကို ရစေနိုင်ပါသည်။
၎။ အလွန်ထူထဲနေသော သံချေးများ – သံချေး စားသော အရည်ထဲတွင် စိမ်ထားပေးခြင်းဖြင့် သံချေး အလွှာ ကွာကျသွားသည်အထိ ထည့်စိမ်ပေးထားရမည်။ အပူချိန် ၁၅၀ ဒီဂရီ ဖာရင်ဟိုက်အထိ ရုတ်တရက် စီးထွက်လာမည့် သံချေးစားသော အရည်ကို အပူပေးထားပါက ပိုမိုကောင်းမွန်သော ရလဒ်ကို ရရှိစေနိုင်ပါသည်။