7H အဆင့်အထိ ထုထည်အမာရှိ၍ ပွန်းရာပဲ့ရာကို ကာကွယ်နိုင်သည်။ မျက်နှာပြင်ပေါ်တွင် အလွန်တရာချောမွေ့နေစေသော အလွှာတစ်ထပ် ဖြစ်စေသည်။အနီအောက်ရောင်ခြည်ကို ကာကွယ်နိုင်ပြီး ရာဦဥတုဒဏ်ကို အကောင်းဆုံးခံနိုင်စေသည်။ သံချေးမတက်စေဘဲ အထူးထုတ်လုပ်ထားသည့် အကာကွယ်အလွှာတစ်ထပ် ကို ခြောက်သွေ့အောင် လုပ်ဆောင်လိုက်သည်နှင့် ရရှိစေပါသည်။
သုံးစွဲရန် အညွှန်း
က။ မော်တော်ယာဉ်အား သေချာစွာ ဆေးကြောထားပါ။ ဆေးမျက်နှာပြင်ပေါ်မှ အညစ်အကြေးများကို ဖယ်ရှားပေးထားပါ။
ခ။ F050 ရော်ဘာ ကွန်ပေါင်း/F051 ပေါ်လစ်အရောင်တင်/ F052 အထူးအကာအကွယ် အလွှာပါး (ဆေးအနေအထားအရ ကားအသစ်ဆိုပါက F052 ကိုသာ အသုံးပြုပေးပါ။) ပါရှိသည့် ဆေးဖြစ်၍ အရောင်တင်သည့် စက်ဖြင့် အသုံးပြုနိုင်ပါသည်။
ဂ။ ဖုန်မှုန့်များ၊ ဆီချေးများကို အရောင်တင်ပြီးပါက သန့်စင်ထားရမည်။ ကြိုးကြာနီ ဆီချေးချွတ်သည့် ဆေးဖြင့် ဆီချေးများကို ချွတ်ထားရမည်။ သို့မဟုတ် သဘာဝ ကားဆပ်ပြာဆီ F030 ဖြင့် ရေဆေးထားရမည်။ ပျော်ဝင်မှုနှုန်းထား ၁ဆ အဆ ၃၀၀ ရှိရမည်။ ထို့နောက် သန့်သော ရေဖြင့်ဆေး၍ အခြောက်ခံထားပါ။
ဃ။ တစ်ကြိမ်လျှင် သေးငယ်သော နေရာဧရိယာ ၅၀x၅၀ စင်တီမီတာ အတွက်သာ အသုံးပြုပေးပါ။ အပိုင်းတစ်ပိုင်းပြီးမှ နောက်တစ်ပိုင်းကို လုပ်ဆောင်ပါ။ အလွန်ကျယ်ပြန့်သော နေရာအတွက် တစ်ခါတည်း လုပ်ဆောင်ခြင်းမှ ရှောင်ကြဉ်ပါ။
င။ တွဲဖက်သုံးစွဲရန် သင့်တော်သည့် ဖော့တုံးပေါ်သို့ ပမာဏ အသင့်အတင့်ရှိသော နာနို ကြွေလွှာတင်ဆေးကို လောင်းပေးပါ။ အပေါ်အောက် နှင့် ဘယ်ညာ စသဖြင့် မျက်နှာပြင် တစ်ခုလုံးအနှံ့ဖြစ်စေရန် တင်ပေးပါ။ ဖြန့်ကျဲချနေသည့် အချိန်တွင် မညီမညာဖြစ်သော လိုင်းများ ထွက်ပေါ်လာပါက ဖြန့်နေသည့် လုပ်ငန်းစဉ်ပြီးသည့်နောက်တွင် ယင်းအတိုင်း လိုင်းရာ ကျန်နေနိုင်ပါသည်။ ထို့ကြောင့် နေရာအနှံ့ ညီညီညာညာ ဖြန့်ထားရန်လိုပါသည်။ ကားပေါ်သို့ ဆေးအရည်ကို တိုက်ရိုက် မလောင်းထည့်ရပါ။
စ။ အလုပ်လုပ်နေသည့် အပူချိန်မှာ ၂၀-၅၀ ဒီဂရီ စင်တီဂရိတ် အထိ ရှိရမည်ဖြစ်သည်။ ထို့နောက် ၃-၅ မိနစ်အထိစောင့်ပေးပါ။ ထို့နောက် မျက်နှာပြင် တောက်ပြောင်လာခြင်း ရှိသည်အထိ အဝတ်ခြောက်ဖြင့် သုတ်ပေးပါ။ အလုပ်လုပ်နေရာတွင် အပူချိန် ၂၅ ဒီဂရီ စင်တီဂရိတ်အထက် ရှိနေပါက စောင့်ဆိုင်းချိန် ပိုမို တိုတောင်းနိုင်ပါသည်။ နောက်ထပ် ၁၀ မိနစ်ခန့် ထပ်မံ စောင့်ပေးပါက အလွှာအား ပိုမို မာကျောနိုင်စေပါသည်။
ဆ။ ဆေးမျက်နှာပြင် အကုန်လုံးအတွက် အလွှာပါးတင်ပြီးသည့်အခါတွင် အလွှာစုံ ခြောက်သွေ့စေရန် အတွက် တစ်နာရီခန့် ထပ်မံစောင့်ဆိုင်းပေးပါ။
ဇ။ အကာအကွယ် နှင့် ပေါ်လစ်တင်သည့် ဆေးပစ္စည်း (၂) ကိုဖွင့်ပါ။ ဘူးပေါ်တွင် ဗားတင်လိုက်၍ အလွှာအုပ်ထားသည့် အပေါ်ယံပေါ်သို့ ပက်ဖြန်း၍ ညီညီညာညာ အရောင်တင်ပေးပါ။
စ်။ နာရီပေါင်း ၇၂ နာရီခန့်စောင့်၍ အရောင်တင်မှု လုံးလုံးလျားလျား ကြည်လင်တောက်ပလာစေရန် စောင့်ဆိုင်းပေးပါ။ အကောင်းဆုံး ရလဒ်ကို ရရှိနိုင်စေရန်ဖြစ်ပါသည်။ စောင့်ဆိုင်းနေသည့် အချိန်တွင် ကားအား ရွေ့လျားမောင်းနှင်ခြင်းပြုလုပ်နိုင်ပါသည်။ သို့သော် ကားပေါ်သို့ ရေစက်ကျခြင်း၊ ရေဆေးချခြင်းများ မပြုလုပ်ရ။ ကောင်းမွန်သည့် ရလဒ်ကို ထိခိုက်လျော့ပါးစေခြင်း ကြောင့်ဖြစ်သည်။ ရေနှင့် ထိမိသည့် အခါမျိုးတွင်လည်း ချက်ချင်း ပြန်လည် သုတ်၍ အခြောက်ခံပေးပါ။
ည။ နောက်သုံးလ ကြာသည့်အခါတွင် အကာအကွယ်နှင့် ပေါ်လစ်တင်နိုင်သည့် ပစ္စည်း (၂) ကို ဒုတိယအကြိမ်အဖြစ် ထပ်မံ အသုံးပြုပေးရန် အကြံပေးလိုပါသည်။
Product Description:
7H hardness for scratch resistanceSuper lyophobic coating on surface
Strong weatherability UV protection and corrosion prevention Premium Protective Coating film after dry.
© 2017-2023 Steadfast Trading Co., Ltd (Apex Auto Body Shop). All Rights Reserved.