Scratch remover သည် ကားကိုယ်ထည်ရှိ ဆေးပေါ်တွင် အရာထင်နေသော အစွန်းအထင်းများ၊ ဆေးအကွက်အဝိုင်းများနှင့် မှုန်ဝါးညစ်ထေးနေသောအရာများ ဖယ်ရှားရာတွင် အထောက်အကူဖြစ်စေပါသည်။ ဆေးအကွက်ငယ်များနှင့် ရေကွက်များကို လည်း အလျင်အမြန်နှင့် အလွယ်တကူ ဖယ်ရှားရှင်းလင်း နိုင်စွမ်းရှိပါသည်။ ဆေး၏ အရောင်ကို ပြန်လည် တောက်ပလာစေ၍ မှုတ်ဆေး မှုတ်ထားခြင်းအား အသစ်အတိုင်း ပြန်လည်ဖြစ်စေပြီး သာမန် ပွတ်တိုက်ရသည့် ပစ္စည်းများကဲ့သို့ ဆေးအလွှာပါးပေါ်တွင် အစွန်းအထင်းများ ထင်ကျန်ရစ်ခြင်းမျိုး မဖြစ်စေပါ။ ကြမ်းတမ်းရှတခြင်း မရှိသည့် အထူး အရည်ပါဝင် ဖော်စပ်ထားသော ဆေးဖြစ်ပြီး အလွယ်တကူဖြင့် သက်တောင့်သက်သာစွာ အသုံးပြုနိုင်ပါသည်။
အသုံးပြုရန် အညွှန်း
အသုံးမပြုမီတွင် ကောင်းမွန်စွာ လှုပ်ထားပေးပါ။ ကားအားရေဆေး၍ အခြောက်ခံထားပါ။ နေရောင်ခြည် တိုက်ရိုက်ထိတွေ့နေသော မျက်နှာပြင်အစား အေးမြနေသော ကားကိုယ်ထည် မျက်နှာပြင်ပေါ်တွင် အသုံးပြုပေးပါ။ သန့်ရှင်း ခြောက်သွေ့နေသော အဝတ်စပေါ်သို့ ထည့်လိုက်ပါ။ အစင်းဖြစ်နေသော နေရာများပေါ်သို့ ပျံ့နှံ့အောင် စက်ဝိုင်းပုံစံ ပွတ်တိုက်ပေးပါ။ ပြီးနောက် မှုန်မှုန်ဝါးဝါးဖြစ်အောင် အခြောက်ခံပေးပါ။ ထို့နောက်သန့်စင်ခြောက်သွေ့သော အဝတ်ဖြင့် ပွတ်တိုက်ပေးပါ။
© 2017-2025 Steadfast Trading Co., Ltd (Apex Auto Body Shop). All Rights Reserved.