နောက်ဆုံးပေါ်နည်းပညာဖြင့် ထုတ်လုပ်ထားသော အင်ဂျင် အဖြည့်ပစ္စည်းဖြစ်ပါသည်။ အလွန်ကောင်းမွန်သည့် အဖြည့်ပစ္စည်းများပါဝင်ကာ ပုံမှန်ထိန်းပေးနိုင်သည့် ချောဆီများနှင့် သံချေးမတက်သည့် ပစ္စည်းများ စသဖြင့် ပါဝင်ပါသည်။ ချောဆီ၏ စေးပျစ်ခြင်းဆိုင်ရာ ဂုဏ်သတ္တိကို မြှင့်တင်ပေး၍ သတ္တုအချင်းချင်း တိုက်ရိုက်ပွတ်တိုက်ခြင်းများအား ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါသည်။ စက်ပိုင်းဆိုင်ရာ ပျက်စီးခြင်းများကို လျှော့ချပေးပြီး အင်ဂျင်၏ အကောင်းဆုံးကာကွယ်ပေးခြင်းကို ရရှိစေပါသည်။ ချောဆီအား ပုံမှန်အနေအထားအတိုင်း ဖြစ်နေစေ၍ သက်တမ်းကျော်လွန်ခြင်းကို ထိန်းပေးနိုင်ခြင်း၊ အားလျော့ပါးစေမှု မရှိခြင်း၊ အက်ဆစ်ပါဝင်မှုကို လျော့ချပေးနိုင်ခြင်း နှင့် သံချေးမတတ်စေခြင်း၊ ဘယ်ရင်များ၊ ဗားများ၊ ပစ္စတင် ကွင်းများ၊ ဆလင်ဒါ နံရံများ ကို ကောင်းမွန်စွာ ချောဆီထည့်ထားသလို ဖြစ်နေစေပါသည်။ အရောင် အထူးစိုစေသော ပါဝင်ပစ္စည်းကြောင့် အနှစ်များ စုဝေးခြင်း ကို ကာကွယ်ပေးနိုင်ကာ အင်ဂျင်ကို သန့်စင်စေ၍ ချောမွေ့စွာလည်ပတ် စေနိုင်ပါသည်။ စက်ပိုင်းဆိုင်ရာ ခုခံအားကို လျှော့ချပေးကာ ဆီစားခြင်းကို သက်သာစေပါသည်။ အသုံးပြုနေသည့် ကားအတွက် စရိတ်စကများကို သက်သာစေနိုင်ပါသည်။
သုံးစွဲရန် လမ်းညွှန်
၁။ အင်ဂျင်ဝိုင်အား လဲလှယ်ပေး၍ အင်ဂျင်အား စက်နှိုးထားပါ။ အင်ဂျင်၏ ပုံမှန် အပူချိန်သို့ ရောက်ရှိနေပါစေ။
၂။ အင်ဂျင်အား စက်ပိတ်လိုက်၍ အင်ဂျင်ဝိုင် အသစ်ထည့်သည့် အပေါက်မှ ဤ ကုန်ပစ္စည်းကို ထည့်သွင်းပေါင်းစပ်ပေးပါ။ အင်ဂျင် အား ၁၅ မိနစ်ခန့် စက်နှိုးထားပေးပါ။
၃။ ဆလင်ဒါ ၄-၆ လုံးထိုးများအတွက် တစ်ဘူးအသုံးပြုနိုင်၍ ဆလင်ဒါ ၈ လုံးအထက်အင်ဂျင်များအတွက်မူ နှစ်ဘူးနှင့် အထက် ထည့်ပေးနိုင်ပါသည်။
© 2017-2023 Steadfast Trading Co., Ltd (Apex Auto Body Shop). All Rights Reserved.