Products

LEATHER CONDITIONER

#06312,12 oz.

ဤသားရေပြုပြင်ဆေးရည်သည် သင်၏ သားရေအချောအထည်ကို ရေရှည်ထိန်းသိမ်းပေးမည်ဖြစ်သည်။ အညစ်အကြေးများဆေးကြောသန့်စင်ထားသည့် သားရေပစ္စည်းများကို သင်သည် နောက်ထပ် ပေကျံစေလို  မည်မဟုတ်ပါ။ သက်တမ်းကြာမြင့်လာသည်နှင့်အမျှ သားရေပစ္စည်းများ၏ သဘာဝအဆီများ ခန်းခြောက်သွား ခြင်းမှ ကာကွယ်ပေးရန် လင်နိုလင်နှင့် တိရစ္ဆာန်ထွက် အဆီများဖြင့် ဖော်စပ်ထုတ်လုပ်ထားသည့် Mothers ၏ သားရေပြုပြင်ဆေးရည်ဖြင့် ဖုံးအုပ်ပေးထားနိုင်သည်။ ဤနည်းအားဖြင့် နေရောင်၊ သက်တမ်းနှင့် နေ့စဉ်မညှာ မတာ အသုံးပြုခံနေ့ခြင်းများ၏ ဆိုးကျိုးများမှ ကာကွယ်ထိန်းသိမ်းပေးမည်ဖြစ်သည်။

LEATHER CLEANER

# 06412,12 oz.

၎င်းမှာ သားရေအချောထည်များ အတွက် အကောင်းဆုံးသန့်စင် ဆေးရည်ဖြစ်သည်။ အသုံးပြုမှုအလွန်များပြားသည့် သားရေ အတွင်းခန်းပစ္စည်းများ၊ အမိုးဖွင့်ကား၏ သားရေမိုးများနှင့် အခြားမည်သည့်သားရေမျိုးကိုမဆို ပုံမှန်ဆေးကြောပေးရမည်။ သားရေသည် သဘာဝပစ္စည်းဖြစ်၍ ထိန်းသိမ်းမှုလိုအပ်သည်။ Mothers ၏ သားရေသန့်စင်ဆေးရည်ကို ဓာတုဗေဒပညာရှင်များက pH ညီမျှမှုရှိစေ ရန်ဖန်တီးထားပြီး သင်၏ အဖိုးတန်သားရေပစ္စည်း၏ အတွင်းအသားနစ်ဝင်နေသည့် ဖုန်မှုန့်များ၊ အညစ်အကြေးများနှင့် အစွန်းအထင်းများကို အန္တရာယ်ကင်းစွာ ဖယ်ရှားပေးသည်။

VLR-VINYL-LEATHER-RUBBER CARE

#06524, 24 oz.

Mothers ၏ VLR သည် ဗီနိုင်း၊ သားရေနှင့် ရာဘာမျက်နှာပြင်မျိုးစုံကို လွယ်ကူလျင်မြန်စွာ သန့်စင်ပေး၊  ပြုပြင်ပေးပြီး ကာကွယ်ပေးသည်။ ပိုမိုအားအင်ပြည့်ဝစေပြီး pH ကိုညီမျှစေသည့် ဖော်မြူလာက အလွန်စွဲမြဲနေသည့် မြေသားအညစ်အကြေး၊ ရွှံ့နှင့် စွန်းထင်းမှုများကိုပင် ဖယ်ရှားသန့်စင်ပေးသည်။ တိရိစ္ဆာန်ထွက်ဆီနှင့် လင်နိုလင်တို့ကို ထည့်သွင်း ဖော်စပ်ထားသည့် ဤဆေးရည်သည် ခြောက်သွေ့ခြင်း၊ အရောင်လွင့်ခြင်းနှင့် အက်ကွဲခြင်းများမှ အဆင့် တစ်ခုတည်းဖြင့် လွယ်ကူစွာ ပြုပြင်၊ ကာကွယ်ထိန်းသိမ်း ပေးသည်။