Products

RUBBING COMPOUND

# 81132, 32 oz. # 81138, one gallon

၎င်းသည် အဆင့် ၁၅၀၀ နှင့် ထို့ထက်ပိုမိုသေးငယ်သော သဲပွတ်တိုက်ရာ အစင်းအခြစ်များကို စက်ရုံပါ  မူလဆေးသားနှင့် ပြန်မှုတ်ထားသည့် မော်တော်ယာဉ်ဆေးသား အမျိုးအစားအားလုံးမှ လျင်မြန်စွာဖယ်  ရှားပေသည်။ အနည်းငယ်သံချေးလိုက်ခြင်း၊ ကာရေးဆေးစဉ်ရရှိသည့် အစင်းအခြစ်များနှင့် အခြားကော် ပတ်တိုက်ရန်မလိုသည့် အပြစ်အနာများကို ဆေးသားပေါ်မှ ဖယ်ရှားပေးသည်။

REFLECTIONS LEATHER CARE

# 10424, 24 oz.

သင့်ကား၏ သားရေထည်ပစ္စည်းများကို စိတ်ကျေနပ်မှု အပြည့်အ၀ပေးနိုင်မည့် လွယ်ကူလျင်မြန်သော      နည်းလမ်းဖြစ်သည်။ Reflection သားရေပစ္စည်းထိန်းမသိမ်းဆေး၏ မျှတသော pH၊ တိရစ္ဆာန်ဆီနှင့်   လင်နိုလင်တို့ပေါင်းစပ်ပါဝင်သည့်ဖော်မြူလာက သင့်ကား၏  သားရေပစ္စည်းများကို အန္တရယ်ကင်စွာ     သန့်စင်ပြုပြင်ပေးပြီး ပျော့ပြောင်းနုညံ့သည့် မျက်နှာပြင်ကို ဖန်တီးပေးသည်။

REFLECTIONS TIRE CARE

# 10324, 24 oz.

Reflections တာယာထိန်းသိမ်းဆေးသည် အရောင်အသွေးစိုလျက် ပိုးသားကဲ့သို့ ပြောင်လက်ချောမွေ့ပြီး   အဆီမပါသည့် အချောသတ်ရုပ်သွင် ရရှိစေကာ အရောင်းပြခန်းမှ ကားကဲ့သို့ အပြစ်ကင်းစေသည်။ ၄င်း၏  သီးသန့်ဖော်မြူလာက ကြမ်းတမ်းသည့် အရာဝတ္ထုများ၊ ဘရိတ်မှုန့်များနှင့် ခရမ်းလွန်ရောင်ခြည်ဒဏ်တို့မှ ကာကွယ်ပေးသည်။ သင့်ကားတာယာများကို သီတင်းပတ်ပေါင်းများစွာ အသစ်ပမာ လှပနေစေမည်ဖြစ်သည်။

REFLECTIONS SPRAY WAX

#10224, 24 oz.

၎င်းသည် တောက်ပပြောင်လက်စေပြီး ကာကွယ်မှုပေးသည့် လွယ်ကူလျင်မြန်သော နည်းလမ်းတစ်ခုဖြစ်  သည်။ Reflection ၏ ပက်ဖျန်းရသည့်ဖယောင်းသည် Clearcoat အတွက် အန္တရယ်မဖြစ်စေပါ။ ၄င်းကို သီးသန့်အသုံးပြုနိုင်သလို လက်ရှိဖယောင်းကို ပိုမိုအားဖြည့်ပေးရန်အတွက်လည်း သုံးနိုင်သည်။ သို့မဟုတ် အသုံးများသည့် အစိတ်အပိုင်းများကို ပြန်လည်သစ်လွင်စေရန်လည်း အသုံးပြုနိုင်သည်။

REFLECTIONS CAR WAX

# 06024, 24 oz.

အန္တရယ်ကင်းသည့် ဆေးသားကာကွယ်ထိန်းသိမ်းရေးနည်းပညာ၏ နောက်ဆုံးမျိုးဆက်ဖြစ်သည်။ Mothers ၏    Reflection ကာတိုက်ဖယောင်းသည်  အံ့မခန်းဖွယ်ဖြစ်ပြီး သင်သုံးဖူးသမျှတွင် မကောင်းဆုံးဖြစ်ရန် အာမခံသည်။

အရည်ပိုလီမာနည်းပညာတွင် တိုးတက်မှုများကြေင့် အပျော့စားသန့်စင်ဆေးများနှင့် တောက်ပြောင်မှု   မြင့်မားသည့် ပိုလီမာများကို ပေါင်စပ်လာနိုင်သည်။ ၄င်းသည် အသုံးပြုရလွယ်ကူပြီး အံ့သြဖွယ်ကောင်း၍ အလွန်စိုရွှဲသော၊ ကြာရှည်ကာကွယ်ပေးနိုင်သည့် တောက်ပြောင်မှုမျိုးကို ရရှိစေသည်။ ၄င်းကို သီးသန့်    အသုံးပြုနိုင်သလို အကောင်းဆုံးရလဒ်များရရှိရန် Reflection Top Coat ကို နောက်ဆက်တွဲအသုံးပြုနိုင် သည်။

CALIFORNIA GOLD SHOWTIME INSTANT DETAILER

# 08216, 16 oz. / # 08224, 24 oz.

ဖုန်မှုန့်အလွှာကို ဖယ်ရှားရန်ဖြစ်စေ၊ ကားပြပွဲတင်ရန်ဖြစ်စေ သင့်ဆေးသားအတွက် Showtime Instant Detailer ကို အသုံးပြုနိုင်ပြီး ၄င်းက လက်ဗွေရာများ၊ အစွန်းအထင်းများနှင့် ဖုန်မှုန့်များကို သန့်စင်ပေးကာ  အပြစ်အနာအသေးအဖွဲများကို ကွယ်ပျောက်သွားစေမည်ဖြစ်သည်။ Showtime ကို အရောင်အသွေး မြှင့်တင်ပေးပြီး တောက်ပမှုကို ပိုမိုအားကောင်းစေသည့်အရာများဖြင့် ပေါင်းစပ်ဖန်တီးထား၍ သင်စီးနင်း  သည့်ကားကို အသေးစိတ် ရုပ်လုံးကြွလာစေသည်။

 

CALIFORNIA GOLD SPARY WAX

# 05724, 24 oz.

Mothers ၏ Spray Wax ပတ်ဖျန်းရသည့် မည်သည့်မော်တော်ယာဉ်ဆေးသားကိုမဆို သန့်စင်ပေးရန်၊တောက် ပစေရန်နှင့် ကာကွယ်ပေးရန် လွယ်ကူလျင်မြန်သည့် နည်းလမ်းဖြစ်သည်။ Spray Wax သည် မျက်နှာပြင်ပေါ်ရှိ ဖုန်မှုန့်များ၊ လက်ဗွေများကို၊ ဖယ်ရှားပေးပြီး တာရှည်ခံသည့် တောက်ပမှု၊ စိုပြေမှုနှင့် ပေါ်လွင်သည့် အရောင်   အသွေးတို့ကို ဖြည့်ဆည်းပေးသည်။ စိုထိုင်း(သို့)ခြောက်သွေ့သည့် မျက်နှာပြင်များပေါ်တွင် အသုံးပြုနိုင်သည့်   Spray Wax အား သင့်လက်ရှိဖယောင်းကို ပိုမိုကောင်းမွန်စေရန် သုံးနိုင်သလို သီးခြားလည်း အသုံးပြုနိုင်သည်။

CALIFORNIA GOLD CAR WASH

# 05600, 16 oz. / # 05632, 32 oz. / #05664, 64 oz.

သန့်စင်မှုနှင့် ထိန်းသိမ်းစောင့်ရှောက်မှုတို့ကို ဘက်ညီစေရန် ဖန်တီးထားသည့် ဤကားဆေးကြောရည်ဖြင့် ဖယောင်းအား မထိခိုက်စေပဲ ကားကို အပြည့်အ၀ဆေးကြောသန့်စင်နိုင်သည်။ သာမန်ဆပ်ပြာရည်နှင့် ပန်ကန်ဆေးဆပ်ပြာတို့သည် ထိခိုက်စေသည်။ အားကောင်းသည့် ဤဆေးကြောရည်သည် ဖုန်၊ ပိုမွှား၊ ငှက်ချေးများနှင့် အခြားအညစ်အကြေးများကို ဖယောင်းနှင့်ဆေးသားတို့ကို မထိခိုက်စေပဲ ဖယ်ရှားပေးသည့် အပြင် ရေကွက်၊ ရေပြောက်များ မဖြစ်ပေါ်အောင် တာဆီးပေးသည်။

CALFORNIA GOLD BRAZILIAN CARNAUBA CLEANER WAX

# 05701, 16 oz. အရည် / # 05500, 12 oz. အပျစ်

Mothers ၏ Brazilian Carnauba Cleaner Wax သန့်စင်ပေးသည့် ဖယောင်းကို ဆေးသားရေရှည်ခံရေး   အတွက် တစ်ဆင့်တည်းဆောင်ရွက်နိုင်ရန် တီထွင်ထားခြင်းဖြစ်ပါသည်။ ၄င်းကို တစ်ကြိမ်အသုံးပြုရုံဖြင့်   သန့်စင်ပေးပြီး ကာကွယ်ပေးရန်ဖန်တီးထားသည်။

Pure Brazilian Carnauba Wax အတွက် အသုံးပြုသည့် ဘရာဇီးနိုင်ငံ၏ အကောင်းဆုံး အ၀ါရောင်ကာနာဘူးဝါအဆီကိုပင် အသုံးပြုထားပြီး ၄င်းကို အပျော့စား  ပေါလစ်တစ်မျိုးနှင့် ရောစပ်ထားသည့်အတွက် အသေးအဖွဲအားနည်းချက်များကို ပြေပျစ်သွားစေပြီး ဆေးသား ကို တလက်လက်တောက်ပစေသည်။ ၄င်းသည် အထူးသဖြင့် ဖိုင်ဘာဂလပ်စ်နှင့် ဂျဲလ်အလွှာများတွင် အထူး    ထိရောက်မှုရှိသည်။

CALIFORNIA GOLD CLAY BAR SYSTEM

# 07240

၈၀ ဂရမ်ရှိရွှံ့ခဲနှစ်ခဲ၊

၁၆ အောင်စရှိ Showtime Instant Detiler၊

၁၅ ပတ်လည်ရှိ Microfiber Towel တို့ပါဝင်သည်။

ဆေးကြောခြင်း၊ ပေါလစ်တိုက်ခြင်းတို့ဖြင့် မဖယ်ရှားနိုင်သည့် အလွန်သေးငယ်သည့် အမှိုက်သရိုက်များနှင့် ညစ်ညမ်းစေသည့် အရာများကို ဖယ်ရှားရန် ဖန်တီးထုတ်လုပ်ထားသေနစ်ဖြစ်သည့် ဤရွှံ့ခဲများသည်     နစ်မြုပ်ဝင်နေသည့် သတ္တုအမှုန်များ၊ သစ်စေးများ၊ လေတွင်ပါလာသည့် ပတ်ဝန်ကျင်မှ ပို့ချအမှိုက်များနှင့်  မှုတ်ဆေးစွန်းပေမှုများးကို ဖယ်ရှားပေးသည်။ အားစိုက်အသုံးပြုရန် မလိုသည့်အပြင် ဆေးသားကို ထိခိုက် ခြင်းမရှိစေပဲ အညစ်အကြေးကိုသာ ရွေးချယ်ဖယ်ရှားပေးသည်။