Products

CALIFORNIA GOLD CARNAUBA WASH & WAX

# 05674, 64 oz.

Mothers ၏ Carnauba ဆေးကြောဖယောင်းတင်ဆေးသည် သင့်ကား၏ဆေးသားကို သန့်စင်စေရန်၊ တောက်ပစေရန်နှင့် ကာကွယ်ပေးရန် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်သည်။ ပုံမှန်ဖယောင်းတင်ခြင်း  များအကြား ၄င်းကိုအသုံးပြုခြင်းဖြင့် စွဲကပ်နေသည့် ဖုန်နှင့်အညစ်အကြေးများကို ဖယ်ရှာပေးပြီး လက်ရှိ    ဖယောင်းကို အထောက်အကူပေးသည်။ စွမ်းအားကောင်းပြီး အမြှုပ်ထွက်ကာ pH မျှတသည့် ဤဖယောင်း သည် ပတ်ဝန်းကျင်ကိုမထိခိုက်စေပဲ အလွယ်တကူ ရေဆေးချနိုင်သည်။

FOAMING WHEEL & TIRE CLEANER

#05924,24 oz.

Mothers ၏ ဘီးနှင့် တာယာသန့်စင်ဆေးရည်သည် အက်ဆစ်ဓာတ်မပါဝင်သော အမြှုပ်ထွက် သည့်ဆေးဖြစ်ပြီး ဘီးနှင့်တာယာများကို လွယ်ကူလျင်မြန်စွာ သန့်စင်ပေးရန် ဖန်တီးထုတ် လုပ်ထားသည်။ ဆေးအကြည် (သို့) ဆေးသုတ်ထားသော၊ ခရုမ်းနှင့် PVD အမျိုးအစားများ အပါအဝင် မူလဘီးများနှင့် ဘီးဖုံးများအတွက် စိတ်ချစွာအသုံးပြုနိုင်သည်။ ပက်ဖျန်း  ရန်ပုံစံထုတ်ထားသည့် ဤဆေးရည်သည် ဘရိတ်မှုန်များ၊ ချောဆီ၊ ဖုန်မှုန့်များနှင့် အညစ်အကြေးများ ကို ဖောက်ထွင်းပျော်ဝင်စေကာ ဖယ်ရှားပေးပြီး ရေဖြင့်ဆေးကြောရန် လွယ်ကူသည်။ (သတိ။ အလူမီနီယမ်ဘီးများနှင့် ဆိုင်ကယ်ဘီးများတွင် အသုံးမပြုပါနှင့်။)

BACK-TO-BLACK TIRE SHINE

#06924,24 oz.

Mothers ၏ Back-to-Black တာယာတောက်ပြောင်ဆေးသည် အရောင်းပြခန်းအရည်အသွေးကို ထိန်းသိမ်းထားနိုင်စေပြီး ရေရှည်ခံမှုနှင့် ကာကွယ်ထိန်းသိမ်းပေးမှုတို့ကို တစ်ပြိုင်နက် ရရှိစေသည်။

အောင်မြင်မှုနှင့် လက်ခံယုံကြည်မှု ရရှိပြီးဖြစ်သည့်  Back-to-Black မျက်နှာပြင်ထိန်းသိမ်းစောင့်ရှောက်ရေးနည်းပညာကို အသုံးပြုထုတ်လုပ်ထားသည့် ဤတာယာတောက်ပြောင်ဆေးသည် သင့်တာယာများကို ပိုမိုကြာရှည်စွာနှင့် ပိုမိုနက်မှောင်၊တောက် ပြောင်အောင် ထိန်းသိမ်းပေးထားသည်။

PRO-STRENGTH CHROME WHEEL CLEANER

#05824,24 oz.

Mothers၏ ခရုမ်းဘီးသန့်စင်ဆေးရည်ကို ခရုမ်းဘီးများ၊ခရုမ်းဘီးဖုံးများနှင့် အမာစားအလူမီနီယမ် mag wheel များကို လွယ်ကူလျင်မြန်စွာ သန့်စင်ပေးရန် စီမံထုတ်လုပ်ထားသည်။ ပက်ဖျန်း  ရန်ပုံစံထုတ်ထားသည့် ဤဆေးရည်သည် ဘရိတ်မှုန်များ၊ ချောဆီ၊ ဖုန်မှုန့်များနှင့် အညစ်အကြေးများ ကို ဖောက်ထွင်းပျော်ဝင်စေကာ ဖယ်ရှားပေးပြီး ရေဖြင့်ဆေးကြောရန် လွယ်ကူသည်။

POLISHED ALUMINUM WHEEL CLEANER

#06024,24 oz.

Mothers ၏ အလူမီနီယမ်ဘီးသန့်စင်ဆေးကို ဆေးမသုတ်ထားသည့် ပေါလစ်တိုက်ထားသော အလူမီ နီယမ်နှင့် သတ္တုရည်စိမ်ထားသော ဘီးများကို လုံခြုံလွယ်ကူစွာသန့်စင်နိုင်စေရန် ဖန်တီးထုတ်လုပ်ထားသည်။ အလူမီနီယမ်သာမက ဆေးသုတ်ထားသော ခရုမ်းဖြင့် ပြုလုပ်ထားသော  စက်ရုံမှ ဆေးတင်ပေးလိုက်သောဘီးများနှင့် ဘီးဖုံးများအတွက်လည်း အသုံးပြုနိုင်ပါသည်။ ပက်ဖျန်း  ရန်ပုံစံထုတ်ထားသည့် ဤဆေးရည်သည် ဘရိတ်မှုန်များ၊ ချောဆီ၊ ဖုန်မှုန့်များနှင့် အညစ်အကြေးများ ကို ဖောက်ထွင်းပျော်ဝင်စေကာ ဖယ်ရှားပေးပြီး ရေဖြင့်ဆေးကြောရန် လွယ်ကူသည်။

LEATHERTECH MOISTURE INFUSION GEL CREAM

#06310,7 oz.

Mothers ၏ စိုထိုင်းဆဖန်တီးပေးသည့် သားရေထိန်းသိမ်းသည့်ဆေးသည် သမားရိုးကျနည်းလမ်းများထက် သာလွန်ပြီး သင့်သားရေမျက်နှာပြင်ကို လွယ်ကူသည့် အဆင့်တစ်ခုတည်းဖြင့် ကြံ့ခိုင်စေကာ ကာကွယ်ပေးသည်။

အလွှာလိုက်ရေဓာတ်ဖြည့်တင်းပေးပြီး အိုဟောင်းပျက်စီးမှုကိုလည်း ကာကွယ်ပေးသည်။အကောင်းဆုံးအားဆေးများက အပူဒဏ်နှင့် နေရောင်ကြောင့်ဆုံးရှုံးသွားသည့် သဘာဝအဆီဓာတ်ကို ပြန်လည်ဖြည့်တင်းပေးပြီး အဆင့်မြင့် စိုထိုင်းဆထိန်းသိမ်းမှုက သားရေကြာ ရှည်ခံစေရန် ထိန်းသိမ်းပေးသည့်အပြင် အရောင်မှိန်၊ခြောက်သွေ့၊ အက်ကွဲခြင်းတို့မှ ကာကွယ်ပေးသည်။

LEATHERTECH FOAMING WASH

#06410,8 oz.

ဤသားရေသန့်စင်အမြှုပ်သည် ကာလာကြာရှည်ပစ်ထားသည့် သားရေအချောထည်နှင့် ဗီနိုင်းမျက်နှာပြင်များတွင် စွဲထင်နေသည့် အစွန်းအထင်းများကိုပင် အကြွင်းမဲ့သန့်စင်စေနိုင်သည်။ အထူးဖော်စပ်ထားပြီး အလှဆီပါဝင်သည့် ဤသန့်စင်ဆေးသည် စိုထိုင်းဆကို အမျှတဆုံးဖြစ်ရန်   ထိန်းသိမ်းပေးထားပြီး ဖုန်နှင့်အမှိုက်များကို ပျော်ဝင်စေခြင်းဖြင့် အစွမ်းကုန်သန့်ရှင်းစင်ကြယ်စေသည်။

BACK-TO-BLACK TIRE RENEW

# 09324,24 oz.

Mothers ၏ Back-to-Black တာယာသစ်လွင်ဆေးကို သန့်စင်စေသော အကောင်းဆုံးဓာတ်ကူပစ္စည်းများဖြင့် ဖော်စပ်ထားသည့်အတွက် ချွတ်ရခက်သည့် ဖုန်၊ရွှံ့၊ဆီချေး နှင့် ဘရိတ်မှုန်နှင့် ဆေးဟောင်းများအား မည်သည့်တာယာအမျိုးအစားတွင်မဆို ဖျန်းပြီးသုတ်လိုက်ရုံဖြင့် အလွယ်တကူဖယ်ရှားပေးသည်။ တာယာကိုထိခိုက်စေခြင်းမရှိဘဲ သန့်စင်မှုကို ကြာရှည်ထိန်းသိမ်းပေး ထားသည်။

ARPET & UPHOLSTERY

#05424,24 oz.

Mothers ၏ ကော်ဇောနှင့် ကူရှင်ချည်သားရက်ထည်အမျိုးမျိုး သန့်စင်ဆေးသည် သင့်ကားအတွင်းခန်း၏ အရောင်အစစ်အမှန်နှင့် ပင်ကိုစရိုက်ကို ဖွင့်လှစ်ဖော်ပြပေးသည့်အရာဖြစ်သည်။ ကျွန်ုပ်တို့၏ ကော်ဇောနှင့် ကူရှင်သန့်စင်ဆေးသည် pH ညီမျှမှုရှိပြီး ပတ်ဝန်းကျင်ကို ထိခိုက်မှုကင်းသည့်အပြင် သင်၏ဗီနိုင်း၊ ကတ္တီပါ၊  ချည်ထည်၊ ကော်ဇောနှင့် သိုးမွှေးတို့ကို ရုပ်ပျက်စေသည့် စွဲမြဲနေသော အစွန်းအထင်းများကို ဖယ်ရှားနိုင်စွမ်း ရှိသည်။ ကားအတွင်း၌သာမဟုတ်ပဲ အိမ်တွင်းသုံးပစ္စည်းများအတွက်လည်း အသုံးပြုနိုင်သည်။

PROTECTANT

#05316,16 OZ./#05324,24 OZ.

Mothers ၏ Protectant သည် ရာဘာ၊ဗီနိုင်း၊ ပလပ်စတစ်နှင့် ဖိုင်ဘာဂလပ်စ်တို့ကို ခရမ်းလွန်ရောင်ခြည်ဒဏ် မှ အတွင်းပိုင်းထိ ဖောက်ထွင်းကာကွယ်ပေးနိုင်ပြီး ရက်ပေါင်း ၃၀ ထိ ကာကွယ်စောင့်ရှောက်ပေးနိုင်သည်။  ဒက်ရှ်ဘုတ်၊ ဘမ်ပါ၊ တပ်ဆင်ပစ္စည်းများ၊ တာယာများနှင့် အခြားအစိတ်အပိုင်းများကို ပြန်လည်သစ်လွင်စေရန် နှင့် မူလအခြေအနေနှင့် သွင်ပြင်ကို ထိန်းသိမ်းပေးထားရန် ရည်ရွယ်ဖန်တီးထားသည်။ ၎င်းသည် မျက်နှာပြင်ကို ဆီဖြင့်ဖုံးအုပ်ပေးခြင်း မဟုတ်ပါ။ အိုဇုန်းနှင့်မီးခိုးမြူတို့မှ ကာကွယ်ပေးပြီး ခရမ်းလွန်ရောင်ခြည်ကိုတားဆီးပေးသည့် ဤပစ္စည်းကို ဆေးမသုတ်ထားသည့် မည်သည့်ပလပ်စတစ်၊ ရာဘာနှင့် ဗီနိုင်းမျိုးတွင်မဆို အသုံးပြုနိုင်သည်။